DVB Logo
Home
မြန်မာသတင်း
၂၀၁၃ ခုနှစ်အတွင်း တရုတ်ပြည်ကို အများဆုံး လူကုန်ကူးမှုဖြစ်
DVB
·
January 9, 2014
၂၀၁၃ ခုနှစ်အတွင်း တရုတ်ပြည်ကို အများဆုံး လူကုန်ကူးမှုဖြစ်
Donate to DVB

၂၀၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူမှု ၅၉ မှု၊ ထိုင်းနိုင်ငံတွင်းသို့ လူကုန်ကူးမှု ၂၁ မှုနှင့် မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု ၂၂ မှု စုစုပေါင်း လူကုန်ကူးမှု ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်ဟာ လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပါတယ်။

sex workerမြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသာတွေက အဓမ္မလက်ထပ်ခိုင်းမှု ၅၅ မှု အပါအ၀င် ပြည့်တန်ဆာအဖြစ် ခိုင်စေတဲ့အမှု ၂၄ မှု၊ အဓမ္မအလုပ်စေခိုင်းမှု၂၀ မှု၊ အဓမ္မမွေးစားမှု၂ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေမှု ၁ မှုတို့ ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဦးမင်းနိုင်က ရှင်းပြခဲ့ပါတယ်။

“တရုတ်မှာ ဖြစ်ပွားတာ ၅၉ မှုရှိတယ်။ ၅၉ မှု နီးပါးလောက်ကို တရုတ်မှာ ဖြစ်တယ်ဆိုရင်။ ကလေးမွေးစားတဲ့ ၂ မှုရယ်၊ အဓမ္မ ခိုင်းစေတဲ့ ၂ မှုရယ်ကလွဲပြီး ကျန်တဲ့ ၅၅ မှုက တရုတ်မယားအဖြစ် ရောင်းစားတဲ့ အမှုတွေချည်းပဲ။ ထူးခြားချက်ကတော့ မနှစ်ကဖြစ်တဲ့ပုံစံပဲ မနှစ်ကတော့ ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေတာ ၁ မှုပါလာတယ်။”

နယ်စပ်ဆက်ဆံရေးရုံးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် လူကုန်ကူးမှုတွေ အရင် နှစ်တွေကထပ် လျှော့လာပြီး တရုတ်နိုင်ငံမှ လူကုန်ကူးခံရသူ ကျား ၃၈၊ မ ၁၁၇ ဦးနဲ့ ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူ ကျား ၁၄၂၊ မ ၉၁ ဦးတို့ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက ရွာတိုင်းလိုလို လူကုန်ကူးခံရတယ်လို့ လာရှိုးအခြေစိုက် တအောန်းအမျိုးသမီးများအဖွဲ့က ပြောပါတယ်။

အစိုးရက လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပေမယ့် တရုတ်နယ်စပ်ဒေသတွေမှာ လူကုန်ကူးတဲ့အမှုတွေ လျော့မသွားသေးကြောင်း လာရှိုး အခြေစိုက် တအာင်းအမျိုးသမီးများအဖွဲ့က ဒေါ်ဒီဒီပိုးကျိန်းက အခုလို ပြောပါတယ်။

“ကျဆင်းလာတာ မတွေ့ရဘူး။ ပိုဆိုးလာတာပဲ တွေ့ရတယ်။ ကျမတို့ ပလောင်ဒေသမှာ ကြည့်ကြည့်မယ်ဆိုရင် အဓိက ပြဿနာတွေက မူးယစ်ဆေးဝါးပြဿနာ ရှိတယ်။ ပြည်တွင်းစစ် ပြဿနာတွေ ရှိနေတယ်။ စီးပွားရေး မကောင်းတဲ့အတွက်ကြောင့် လူတွေက ကျေးရွာမှာ နေတာ အရမ်းနည်းတယ်။ အဲဒါကြောင့် လူကုန်ကူးခံရတာ ပိုများတယ်။ ကျမတို့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ကျေးရွာတွေကို သွားကြည့်လိုက် တရွာမကျန် အနည်းဆုံးက တရွာကို လေး ငါး ယောက်လောက် ကုန်ကူးခံရတဲ့ အပိုင်းတွေ တွေ့ရတယ်။ လက်ညှိုးထိုးကြည့်လိုက် ဘယ်ရွာမှ မလွတ်ဘူး။ အဲဒီလိုမျိုးအပိုင်းတွေ ရှိတဲ့အတွက်ကြောင့် ကျမတို့ဘက်မှာ လျော့တယ်လို့ မရှိဘူး။ တိုးလာတာပဲ ရှိတယ်။”

အလုပ်အကိုင် အခွင့်အလမ်း နည်းပါမှုနဲ့ လမ်းပန်းဆက်သွယ်မှုတွေ လုံလောက်စွာ မရှိတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ ပလောင်ရွာတိုင်းလိုလို တရုတ်နယ်စပ်ကို လူကုန်ကူးမှု ခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013