DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း
DVB
·
November 11, 2021
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့နဲ့ စစ်တပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တတ်နိုင်သလောက် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးပြီးမှာ အဖွဲ့ဝင် ၁၅ နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရှားရှားပါးပါး အားလုံး သဘောတူ ထုတ်ပြန်လိုက်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်မှုတွေ လတ်တလောထပ်တိုးလာတာနဲ့ပတ်သက်လို့  အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ အရပ်သားတွေလုံခြုံရေးအတွက် သေချာအောင်လုပ်ပေးဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အထူးစိုးရိမ်တဲ့ သဘောထားတွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ထပ်မံပြောကြားခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံက မူကြမ်းရေးတင်သွင်းခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေ အကျိုးစီးပွားကို  ရှေ့ရှုပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့  ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့  အားပေးတိုက်တွန်းတယ်လို့လည်း လုံခြုံရေးကောင်စီ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရှိ လိုအပ်နေတဲ့လူသားအားလုံးဆီ လူသားချင်းစာနာမှုအကူအညီတွေ အပြည့်အဝ၊ ဘေးကင်းကင်းနဲ့ အဟန့်အတားမရှိပေးနိုင်ရေးနဲ့ အကူအညီပေးသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး အကာအကွယ်ပေးဖို့လည်း လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။  

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာရန်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)ရဲ့ ရှေ့နေထံသို့ လွှဲပြောင်းပေးဖို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တောင်းဆိုထားပါတယ်။

Photo- UNSC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013