DVB Logo
Home
မြန်မာသတင်း
ပညာရေးနှင့် ကျန်းမာရေး ဘတ်ဂျက်တိုးပေးမည်
DVB
·
January 8, 2014
Donate to DVB

မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေအပါအ၀င် တိုင်းနဲ့ပြည်နယ် ဘတ်ဂျတ်တွေကို လာမယ့် ဧပြီလက စမယ့် ဘဏ္ဍာနှစ်မှာ အစိုးရက တိုးပေးဖို့ လွှတ်တော်ကို တင်သွင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဘဏ္ဍာရေးကော်မရှင်ရဲ့ အစည်းအဝေးပွဲအတွင်း ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းချေ ငွေစာရင်း အတည်ပြုဖို့ကိစ္စ ဆွေးနွေးရာမှာ သမ္မတက ပြောကြားလိုက်တာပါ။

schoolပညာရေး အသုံးစရိတ်ကို ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က စုစုပေါင်းအသုံးစရိတ်မှာ ပါဝင်မှုအချိုး ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာက အခုနှစ်မှာ ၅ ဒဿမ ၉၄ ရာခိုင်နှုန်း သို့ တိုးမြင့်သုံးစွဲသွားမှာဖြစ်ပြီး အခြေခံပညာ အလယ်တန်းတွေလည်း လာမည့် ပညာသင်နှစ်က စလို့ အခခဲ့ပညာရေး သကြားခွင့်ပေးသွားမယ်လို့ ပြောပါတယ်။

ကျန်းမာရေး အသုံးစရိတ်နဲ့ပတ်သက်လို့တော့ ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်မှာ ပါဝင်မှု အချိုး ၃ ဒဿမ ၁၅ ရာခိုင်နှုန်းကနေ ၃ ဒဿမ ၃၈ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးဖို့ လျာထားလိုက်ပါတယ်။

ဒါ့ပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လိုငွေအတွက် ထောက်ပံ့ပေးတဲ့ ငွေကိုလည်း မနှစ်က ၆၂၆ ဒဿမ ၃၃၃ ဘီလီယံပေးရာကနေ အခုဘဏ္ဍာနှစ်မှာ ၁၄၂၁ ဒဿမ ၇၃၇ ဘီလီယံထိ နှစ်ဆကျော် ပိုမိုထောက်ပံ့ပေးဖို့ ရှိတယ်လို့ သမ္မတက ဆိုပါတယ်။

ဒီအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး မကြာမီခေါ်ယူကျင်းပတော့မယ့် ပြည်ထောင်စု လွှတ်တော် န၀မ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုနိုင်အောင် အစိုးရအဖွဲ့က တင်သွင်းသွားဖို့ ရှိနေတာပါ။

အခုလို ဘတ်ဂျက်တိုးလိုက်တဲ့အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က “ဘတ်ဂျက် ၂ ဆ တိုးပေးတာ ကြိုဆိုပါတယ်။ ဒါပေမယ့်လို့ သုံးတဲ့ ပိုက်ဆံဟာ ထိရောက်ဖို့ လိုပါတယ်။ တကယ် လိုအပ်တဲ့ စီမံကိန်း ဖြစ်ဖို့လိုပါတယ်။ အဲဒီ စီမံကိန်းကိုလည်း ထိထိရောက်ရောက် ငွေကြေးစိစစ်မှု အဆင့်ဆင့်နဲ့ ထိရောက်စွာသုံးမယ်ဆိုရင် ငွေကြေး ဖြုန်းတီးမှု မရှိနိုင်ဘူးလို့ လက်ခံပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ စာသင်ကျောင်းတို့၊ ဆေးရုံတို့ တိုးချဲ့တည်ဆော်ကနေတာ ရှိပါတယ်။ စာသင်ကျောင်းဆောက်ရင် ဆောက်ရုံနဲ့ မပြီးဘူး။ စာသင်ကျောင်းမှာ လိုအပ်တဲ့ စာသင်ခုံတွေ ပြည်စုံတဲ့ စီမံကိန်းမျိုးကို လိုလားပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေက စာသင်ကျောင်းတွေ တည်ဆောက်တဲ့အခါမှာ ဆရာ ဆရာမတွေ နေနိုင်တဲ့ အဆောင်တွေ တပါတည်း ကျောင်းဝန်းထဲမှာ ရှိနေရင် ပိုပြီး သင့်လျော်တယ်။ အဲဒါကြောင့် စီမံကိန်းတခုကို ရေးဆွဲတဲ့အခါမှာ ကျောင်းချည်း သက်သက်အခွံမျိုးကို ကျနော်တို့ လက်မခံဘူး။ ကျောင်းမှာ ရှိအပ်တဲ့ ပရိဘောဂ ပိုင်းတွေ၊ နောက် ဆရာ ဆရာမတွေ တည်းခိုနေထိုင်နိုင်မယ့် အဆောင်တွေပါ တပါတည်းပါမယ့် စီမံကိန်းမျိုးဖြစ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ”

ပြည်ထောင်စုတခုလုံးရဲ့ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒဿမ ၆၄၇ ဘီလီယံရှိပြီး စုစုပေါင်း သုံးငွေကတော့ ကျပ် ၁၉၂၉၅ ဒဿမ ၂၉၂ ဘီလီယံရှိတဲ့အတွက် ဘတ်ဂျတ် လိုငွေကတော့ ကျပ် ၂၇၅၀ ဒဿမ ၆၄၅ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၄ - ၁၅ ခု တမျိုးသားလုံး စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) က ကျပ် ၆၆၁၈၇ ဒဿမ ၁၁၉ ဘီလီယံ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013