DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများကို လုံးဝနှောင့်ယှက်မည် မဟုတ်ဟု ဇိုမီးဖက်ဒရယ် အစည်းအရုံး ကတိပေး
DVB
·
November 10, 2021
စာသင်ကျောင်းများကို လုံးဝနှောင့်ယှက်မည် မဟုတ်ဟု ဇိုမီးဖက်ဒရယ် အစည်းအရုံး ကတိပေး
Donate to DVB

ချင်းပြည်နယ်ထဲမှာ စာသင်ကျောင်းတွေ ဖွင့်နေတာကို လုံးဝအနှောင့်အယှက်ပေးမှာ မဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီကတော့ ပုံမှားရိုက် နာမည်ဖျက်လာနိုင်တယ်လို့ ဇိုမီးဖက်ဒရယ် အစည်းအရုံးက ထုတ်ပြန်ပါတယ်။

မတရားအာဏာလုထားတဲ့ စစ်ကောင်စီဟာ CDM မလုပ်ထားတဲ့ ဆရာ ဆရာမတွေနဲ့လက်တွဲပြီး အခြေခံပညာကျောင်းတွေကို အဓမ္မ ပြန်ဖွင့်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါကို Non-CDM သမားတွေက အပြည့်အဝအကူအညီပေး လိုက်နာပြီး နေရာတချို့မှာ စာသင်ကျောင်းတွေ ဖွင့်ထားတာကိုလည်း ဝမ်းနည်းစွာသိရှိရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ PDF- Zoland ဟာ အမိမြေက စာသင်ကျောင်းတွေကို လုံးဝ အနှောင့်ယှက်ပေးမှာမဟုတ်ဘဲ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ထိခိုက် ပျက်စီးလာရင် ရာနှုန်းပြည့် စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ပဲ ထုတ်ပြန်ပါတယ်။

ဒီကျောင်းတွေကို သုံးပြီး အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူတွေအကြား ယုံကြည်မှု ပျက်ပြားပြီး သွေးခွဲဖို့ယုတ်မာတဲ့အကြံနဲ့ ပုံမှားရိုက် နာမည်ဖျက်တာကို မလွဲမသွေ လုပ်လိမ့်မယ်လို့ ထုတ်ပြန်ပါတယ်။

အစိုးရယန္တရားလည်ပတ်ဖို့ ကျောင်းတွေဖွင့်တာဖြစ်လို့ ကျောင်းမပို့၊ ကျောင်းမတက်ကြဘဲ တော်လှန်ရေးမှာ ဆက်လက် တိုက်ပွဲဝင်ကြဖို့အတွက်လည်း ဇိုမီး ဖက်ဒရယ် အစည်းအရုံးက ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013