DVB Logo
Home
မြန်မာသတင်း
ယာဉ်တိုက်မှုကြောင့် တနေ့ကို အနည်းဆုံး ၁ ဦး သေဆုံး
DVB
·
January 8, 2014
ယာဉ်တိုက်မှုကြောင့် တနေ့ကို အနည်းဆုံး ၁ ဦး သေဆုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေကို တွက်ချက်ကြည့်ရင် တနေ့ကို အနည်းဆုံး လူတဦးနှုန်း သေဆုံးနေတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ပြောဆို လိုက်ပါတယ်။

ဒါဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ ထုတ်ပြန်တာကို ထိထိရောက်ရောက် မလုပ်နိုင်သေးတာလဲ အဓိကအချက် ဖြစ်တယ်လို့ ဆိုပါတယ်။

[caption id="attachment_49938" align="alignleft" width="300"]ဓာတ်ပုံ - ရဲဇာနည် ဓာတ်ပုံ - ရဲဇာနည်[/caption]ရန်ကုန်တိုင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး လင်းထွဋ်က “ဘာ့ကြောင့် ယာဉ်တိုက်မှု အများဆုံးဖြစ်လဲဆိုတော့ လူကြောင့်ပါပဲ။ ယာဉ်မောင်းလည်းလူပဲ။ လမ်းကို အသုံးပြုနေတာလည်း လူပဲ။ လူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့ အဓိက လိုအပ်နေတယ်။ အဓိက ဘယ်ကနေ ဖြေရှင်းမလဲ။ ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေနဲ့ ပူးပေါင်းရမယ်။ မီဒီယာက များများ ထုတ်ပြန်ပေးရမယ်။ လူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာအောင် များများ ထုတ်ပြန်ပေးရမယ်။ အခုဟာက လူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့၊ ထုတ်ပြန်ဖို့ဟာက ကျနော်တို့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ လူတိုင်း နားထဲမှာ မစွဲဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

အဲဒီလို ယာဉ်တိုက်မှုတွေ များလာတာဟာ လမ်းတွေကောင်းလာတဲ့အပေါ် ယာဉ်စည်းကမ်း အားနည်းသူတွေရဲ့ မကျွမ်းကျင်မှုနဲ့လည်း သက်ဆိုင်တယ်လို့ ယာဉ်ထိန်းက သုံးသပ်ပြောဆိုပါတယ်။

“လမ်းတွေကောင်းလာခြင်းရဲ့ အကြောင်းပြချက်တခုရှိတယ်။ မျက်စိတဆုံး ကြည့်လိုက်ရင် ကားတွေက အကုန်လုံးကားကောင်းတွေချည်းပဲ။ မီးခိုး တဖွတ်ဖွတ်ထုတ်နေတဲ့ ကား မတွေ့တော့ဘူး။ ကားက အသစ်ဆိုတဲ့အတွက် အသစ်နဲ့လျော်ညီစွာ နည်းနည်းလေး တင်လိုက်တာနဲ့ ပြေးတဲ့ကားတွေ ဖြစ်နေတယ်။ လမ်းကလည်း ကောင်းနေတယ်။ အဲအချိန်မှာ ယာဉ်စည်းကမ်းပိုင်းဆိုင်ရာမှာ အားနည်းတဲ့ လူတွေနဲ့ တွေ့တော့ ပြသနာတွေ တက်တာပဲ။ ဒါပါပဲ။ ကျနော် အဲလိုပဲ မြင်ပါတယ်။”

ရန်ကုန်တိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၃ တနှစ်လုံးမှာ ယာဉ်တိုက်မှု ၂၉၇၉ မှု ဖြစ်စဉ်တွေကနေ သေဆုံးသူ ၅၀၆ ဦးရှိပြီး၊ ဒဏ်ရာရသူ ၄၄၀၀ ကျော်ရှိပါတယ်။ အရင် ၂၀၁၂ ခုနှစ်အတွင်းမှာတော့ ၂၁၆၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၇၀ ဦးနဲ့ ဒဏ်ရာရသူ ၃၆၇၂ ဦးရှိခဲ့တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013