DVB Logo
Home
မြန်မာသတင်း
ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေပြဋ္ဌာန်းရန် စစ်ကောင်စီ စီစဉ်နေ
DVB
·
November 10, 2021
ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေပြဋ္ဌာန်းရန် စစ်ကောင်စီ စီစဉ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေပြဋ္ဌာန်းဖို့ကိစ္စ နိုဝင်ဘာ ၉ ရက်နေ့က  နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေနဲ့ ပတ်သက်ပြီး  ပြဋ္ဌာန်းထားတဲ့ နိုင်ငံအလိုက် ဥပဒေတွေကို ဥပဒေရေးရာဝန်ကြီးဌာနက လိုအပ်တဲ့ စိစစ်လေ့လာမှုတွေ ဆောင်ရွက်ဖို့ တာဝန်ပေးထားတယ်လို့  စစ်ခေါင်းဆောင်က ပြောပါတယ်။

အဆိုပါ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နဲ့ စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနက်  မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

ဒါအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊  ကြံစိုက်တောင်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ CRPH NUG PDF တို့ရဲ့ လုပ်ရပ်တွေကို လက်ကမ်းစာဆောင် ထုတ်ဝေဖြန့်ချိ ရေး တိုက်တွန်းဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က အာဆီယံနိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေးကို အလေးထား ဆောင်ရွက်နေပြီး  အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဆက်ဆံနေတဲ့အပြင်  အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်တက်ရောက်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ 

PHOTO- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013