DVB Logo
Home
မြန်မာသတင်း
၂၀၁၃-၁၄ မြန်မာ ဆန်အထွက်နှုန်း လျော့ကျနိုင်
DVB
·
January 8, 2014
၂၀၁၃-၁၄ မြန်မာ ဆန်အထွက်နှုန်း လျော့ကျနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ ရေကြီးမှုနဲ့ ပိုးမွှားအန္တရာယ်တွေကြောင့် ဆန်စပါး ထုတ်လုပ်မှုဟာ ၂၀၁၂- ၁၃ နဲ့ စာရင် ၄၀ ရာခိုင်နှုန်း လျော့ကျမယ်လို့ ဆိုပါတယ်။

မွန်နဲ့ ကရင် ပြည်နယ်တွေက ဆန်စပါး ရိတ်သိမ်းရာမှာ ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်တာလို့ ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆန်စပါး ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဆန်းစစ် သုတေသန လုပ်ဆောင်နေတဲ့ Oryza အင်တာနက်စာမျက်နှာက ရေးသားထားတာပါ။

Farmers scatter rice to clean it after collection from a field at Naypyitawဒုံသမိမြစ် အရှေ့ဘက်က ရွာ ၃၀က ဆန်ထုတ်လုပ်မှုဟာ ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဒီလိုဖြစ်ရတာဟာ ရေကြီးပြီး အင်းဆက်ပိုးတွေ ကျတဲ့အတွက် ဖြစ်ရသလို ဆန်စပါး ပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံလယ်သမားတွေကို ကိုးကားပြီး ဆိုပါတယ်။

ဈေးကွက်မှာ ဆန်ဈေးတွေ မြင့်တက်နေပေမယ့် ထုတ်လုပ်မှု လျော့ကျတဲ့အတွက် လယ်သမားတွေ အတွက် အကျိုးအမြတ်မရှိသလို ဆန်တွေကို မိသားစုအတွက် သိုမှီးထားရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက လက်ရှိမြန်မာပြည်မှာ စိုက်ဧကတွေ တိုးပွားမလာသလို ရာသီဥတုဖောက်ပြန်တာ၊ အင်းဆက်ပိုးတွေက ဆေးကို ပိုမိုခံနိုင်လာတာတွေ ဖြစ်နေပေမယ့် ဆန်အထွက်နှုန်းဘယ်လောက် လျော့ကျမလဲဆိုတာကို ခန့်မှန်းသုံးသပ်ထားတာ မရှိသလို သတိထားရမယ့် အနေအထားကို ရောက်နေပြီလို့ ပြောပါတယ်။

“သုံးတဲ့ စပါးမျိုးအနေနဲ့ကလည်း မျိုးကောင်းမျိုးသန့် မသုံးနိုင်ဘူး။ မြေသြဇာလည်း ကျနော်တို့အနေနဲ့ လုံလုံလောက်လောက် မသုံးနိုင်ဘူး။ နောက်တခါ ရာသီဥတုကလည်း ဖောက်ပြန်တယ်။ တဖက်ကလည်း အခက်အခဲရှိတယ်။ တချို့ဒေသတွေမှာဆိုရင် အလုပ်သမားမရတဲ့အတွက် အချိန်မီ မရိတ်နိုင်ဘူး။ မရိတ်နိုင်တဲ့အတွက် မိုးကြီးပြီး ပျက်ဆီးတာတွေ ရှိတယ်။ ပမာဏက သုံးပုံ တပုံလျော့ကျမယ်။ ကျနော်တို့က သတိထားရမယ့် အနေအထား ရောက်ရှိနေပါပြီ။”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းအနေနဲ့က မျိုးကောင်းမျိုးသန့်ရရှိရေး၊ ယူရီးယား မြေသြဇာကို အကြွေးစနစ်နဲ့ ရရှိအောင် ဆောင်ရွက်ပေးတာ၊ ပညာပေးတာ၊ သင်တန်းဖွင့်ပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါတယ်။

မြန်မာရဲ့ဆန်စပါးထုတ်လုပ်မှုဟာ ၂၀၁၃-၁၄ မှာ တန် ၁၁ သန်းထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ၂၀၁၂-၁၃ ခုနှစ်မှာတော့ ၁၀.၆ သန်း ထုတ်လုပ်နိုင်တဲ့အတွက် ၃ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။

၂၀၁၃-၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ဆန်စပါး ၀ယ်ယူမှုဟာ ခန့်မှန်းခြေ တန် ၁၀.၂၅ သန်းရှိနိုင်ပြီး နိုင်ငံခြား တင်ပို့မှုက ၇ သိန်းခွဲလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013