DVB Logo
Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀ ကျော် သိမ်းဆည်းရမိ
DVB
·
November 9, 2021
မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀ ကျော် သိမ်းဆည်းရမိ
Donate to DVB

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်နယ်စပ်တလျှောက်မှာ ကီလိုဂရမ် ၂၅၀ ကျော်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်လာခဲ့တယ်လို့ NDTV  အိန္ဒိယ သတင်းမှာဖော်ပြပါတယ်။ 

အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနဲ့ မြန်မာကြား ကူးသန်းသွားလာ ဂိတ်လည်းဖြစ်တဲ့ မဏိပူရ်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မိုရေးမှာ တီထွင်ဖန်တီးထုတ်လုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း သို့မဟုတ် IED ကိရိယာ ၂၄၃ ခုကို သိမ်းဆည်းရမိခဲ့တာပါ။

အရွယ်အစားအမျိုးမျိုးရှိတဲ့ IED တန်ချိန်လေးပုံတစ်ပုံလောက်ကို မိုရေးမြို့ကနေ ပြန်လည်ရရှိခဲ့ကြောင်း အမှတ် ၄၃ အာသံရိုင်ဖယ်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၅၀ ဂရမ်နဲ့ ၅၀၀ ဂရမ်အကြားရှိ IED ဖောက်ခွဲရေးပစ္စည်း ၁၉၇ ခု၊ ၃ ကီလိုဂရမ်ရှိ ဖောက်ခွဲရေးပစ္စည်း ၃၃ ခု၊ ၄ ကီလိုဂရမ်ရှိ ဖောက်ခွဲရေးပစ္စည်း ၄ ခု၊ ၅ ကီလိုဂရမ်ရှိ ဖောက်ခွဲရေးပစ္စည်း ၉ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ဖောက်ခွဲရေးပစ္စည်းတွေကို ချိတ်ဆက်ရာမှာ သုံးလေ့သုံးထရှိတဲ့ cortex ဝါယာကို အားသွင်းဖို့အတွက် 12 ဗို့ ဘက်ထရီနှစ်လုံးကိုလဲ ဖော်ထုတ်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နယ်စပ်တစ်လျှောက် နယ်မြေစိုးမိုးရေး ကင်းလှည့်မှုကို လုပ်ဆောင်နေချိန်မှာ ရှေ့ပြေးကင်းထောက်အဖွဲ့က သစ်ရွက်တွေနဲ့ ဖုံးအုပ်ပြီး သေချာလေးကိုဖွက်ထားတဲ့ သေတ္တာတွေကို တွေ့ရှိခဲ့ပါတယ် လို့ ဆိုပါတယ်။ 

သိမ်းဆည်းရမိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို မိုရေးမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေတွေ့ရှိမှုဟာ လာမယ့်နှစ် မဏိပူရမှာ ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ်တွေကို ညွှန်ပြတာဖြစ်နိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

အစောပိုင်းတုန်းက ပြည်နယ်အစိုးရဟာ လိုင်စင်ရသေနတ်ကိုင်ဆောင်သူတွေကို ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့လက်နက်တွေ အပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ မဏိပူရလွှတ်တော်ရဲ့လက်ရှိသက်တမ်းဟာ ဖေဖော်ဝါရီလမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ကိုးကား-  NDTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013