DVB Logo
Home
မြန်မာသတင်း
ဖောက်ခွဲ‌ရေးပြုလုပ်မည်ဖြစ်၍ ကျောင်း၊ ရုံးများ မတက်ရန် မြစ်ကြီးနား စကစတိုက်ဖျက်ရေး အထူးအဖွဲ့ သတိပေး
DVB
·
November 9, 2021
ဖောက်ခွဲ‌ရေးပြုလုပ်မည်ဖြစ်၍ ကျောင်း၊ ရုံးများ မတက်ရန် မြစ်ကြီးနား စကစတိုက်ဖျက်ရေး အထူးအဖွဲ့ သတိပေး
Donate to DVB

ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား စစ်ကောင်စီ တိုက်ဖျက်ရေး အထူးအဖွဲ့အနေနဲ့ စစ်ဆင်ရေး လိုအပ်ချက်အရ နေ့၊ ညမရှောင် နေရာအနှံ့အပြား ဖောက်ခွဲရေး ပြုလုပ်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ ကျောင်း၊ ရုံး မတက်ကြဖို့ သတိပေးလိုက်ပါတယ်။

မြစ်ကြီးနား စကစ တိုက်ဖျက်ရေး အထူးအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် နို၀င်ဘာ ၉ ရက်‌‌နေ့မှာ ‌ထုတ်ပြန်သတိပေးထားတာပါ။

"ကျောင်းဆရာ၊မ များနဲ့ ကျောင်းသားများ၊ မိဘများကို နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်တယ်။ ကျောင်း၊ ရုံးများ မတက်ကြရန်နဲ့ ထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာ၀န်ယူမှာမဟုတ်ကြောင်းကို ရေးသားဖော်ပြထားပါတယ်။"

မြစ်ကြီးနား စကစ တိုက်ဖျက်ရေး အထူးအဖွဲ့အနေနဲ့ ဓမ္မ ဘက်တော်သား ကျောင်းမတက်ရောက်နိုင်တဲ့ ကျောင်းသူ သားများ ၈၀ ရာခိုင်နှုန်းကျော်နဲ့ CDM ၀န်ထမ်းတွေ၊ PDF တွေ၊ တိုင်းရင်းသားတွေ ရဲဘော်ရဲဘက် တစ်ဦးချင်းစီတိုင်းအတွက်  အသက်ချင်းလဲ ကာကွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

မြစ်ကြီးနား စကစ တိုက်ဖျက်ရေး အထူးအဖွဲ့အနေနဲ့ နို၀င်ဘ ၇ ရက်နေ့က အ.ထ.က ၇ ကျောင်းအား သတိပေးတဲ့အနေနဲ့ မိဘပြည်သူများကို မထိခိုက်စေရန် ရည်ရွယ်ပြီး ညအချိန်မှာ ဖောက်ခွဲတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013