DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် Miss World ပြိုင်ပွဲတွင် မြန်မာအလှမယ် မပါဝင်နိုင်
DVB
·
November 9, 2021
နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် Miss World ပြိုင်ပွဲတွင် မြန်မာအလှမယ် မပါဝင်နိုင်
Donate to DVB

စစ်အာဏာသိမ်းမှုတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ၂၀၂၁ ခုနှစ် Miss World အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်တော့ဘူးလို့ Missosology Myanmar က ထုတ်ပြန်ပါတယ်။

Miss World အလှမယ်ပြိုင်ပွဲကတော့ နိုင်ငံတကာမှာ သက်တမ်းအရှည်ကြာဆုံး အလှ မယ်ပြိုင်ပွဲတွေထဲက တခုဖြစ်ပြီး အခုနှစ်မှာတော့ အကြိမ် ၇၀ မြောက်အဖြစ် ပေါ်တိုရီကို၊ ဆဲန်ဟွားန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Miss World ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ၂၀၁၄ ခုနှစ်ကစတင်ကာ ၂၀၁၉ ခုနှစ်အထိ အလှမယ် ဝိုင်းလေး၊ ခင်ရတနာသိန်းမြင့်၊ မြတ်သီရိလွင်၊ အိကျော့ခိုင်၊ ဟန်သီ၊ ခေတ်လင်းလက်ယွန်းတို့က ဆက်တိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ 

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်ရှိ လာနေခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအပါအဝင် ကဏ္ဍအသီးသီးမှာ ကျဆင်းနေခဲ့တာမို့ အခုနှစ်ရဲ့ Miss World အလှမယ်ပြိုင်ပွဲကို စေလွှတ်နိုင်ခြင်း မရှိတော့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013