DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် တရားမဝင် အလုပ်သမားများတင်လာသည့်ကား ယာဉ်တိုက်မှုဖြစ်
DVB
·
November 9, 2021
မယ်ဆိုင်တွင် တရားမဝင် အလုပ်သမားများတင်လာသည့်ကား ယာဉ်တိုက်မှုဖြစ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက် ဒီနေ့မနက် တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပြီး  မြန်မာ အလုပ်သမား ၂ ဦးနဲ့ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ပါ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့မနက် ၃ နာရီလောက်က မယ်ဆိုင်မြို့ ကော်ချန့်အုပ်စု ဆန်နားရပ်ကွက်ထဲမှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ကြောင်းသိရတဲ့အတွက် ကော်ချန့်ရဲစခန်း တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မှန်လုံကားတစ်စီးက လမ်းဘေးဇရပ်တစ်ခုကို ကားခေါင်းနဲ့ ဝင်တိုက်ထားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့  တာဝန်ရှိသူကပြောပါတယ်။ 

စစ်ဆေးချက်အရ ကားပေါ်စီးနင်းလိုက်ပါလာသူ ၁၈ ဦးရှိပြီး ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်ကလာကြကြောင်း၊ လမ်းပန်းနဲ့ ဘန်ကောက်ခရိုင်မှာ အလုပ်သွားလုပ်ဖို့ ဝင်လာကြတာဖြစ်ပြီး ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကျော်ပေးရကာ သူတို့စီးလာတဲ့ကားက လမ်းအကွေ့မှာအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကဇရပ်ကိုဝင်တိုက်မိတာလို့ ဆိုပါတယ် ။ 

ယာဉ်မောင်းသမားနဲ့ ယာဉ်နောက်လိုက် အပါအဝင် ရွှေ့ပြောင်းလုပ်သား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၊ အဆိုပါ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဟာလည်း မြန်မာနိုင်ငံသားဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ သိရပြီဖြစ်လို့  လိုက်လံစုံစမ်းဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ကျန်ရှိအလုပ်သမား ၁၆ ဦးကိုတော့ လဝက ဥပဒေနဲ့အရေးယူဖို့ ကော်ချန့်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

မြန်မာပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု ၊ စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် နိုင်ငံသားအမြောက်အများ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံလာပြီး အဖမ်းခံရတာနေ့စဉ်လို ရှိနေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကလည်း တရားမဝင်အလုပ်သမား ၂၃ ဦး တင်လာတဲ့ကားတစ်စီး ထိုင်းမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ ယာဉ်တိမ်းမှောက်လို့ မြန်မာလုပ်သား ၃ ဦးသေဆုံး ၄ ဦးဒဏ်ရာရကာ ပွဲစားက တာဝန်မယူဘဲထွက်ပြေးပြီး အားလုံးကို ရာဘာခြံတစ်ခုထဲမှာ စွန့်ပစ်ထားခဲ့ပါတယ်။ 

ကိုးကား- Maesai Press

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013