DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ
DVB
·
November 8, 2021
ဒဂုံတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ
Donate to DVB

ဒဂုံတက္ကသိုလ် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ   မသဉ္ဇာဇော်ကို စစ်ကောင်စီက နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - ခ(က)နဲ့   ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ 

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အပါအဝင် ဒဂုံတက္ကသိုလ် ကျောင်းသား‌ ကျောင်းသူ ၆ ယောက်ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းက ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့တာပါ။ 

အဲဒီ ၆ ယောက်ထဲက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်(ဥပဒေ-တတိယနှစ်)ကိုလည်း  ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ခ(ဃ) ၊ ပုဒ်မ ၅၀၅ - တို့နဲ့  နိုဝင်ဘာ ၃ရက်နေ့က စစ်တရားရုံးကနေ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့ပါတယ်။ 

ကျန်တဲ့ ကျောင်းသား‌၊ ကျောင်းသူ ၄ ယောက်ကိုတော့  ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013