DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်၏အာဏာ ပြည်သူ့ထံပြန်ရောက်ရှိရေး ဆက်လက်ဆောင်ရွက်မည်ဟု CRPH ကြေညာ
DVB
·
November 8, 2021
နိုင်ငံတော်၏အာဏာ ပြည်သူ့ထံပြန်ရောက်ရှိရေး ဆက်လက်ဆောင်ရွက်မည်ဟု CRPH ကြေညာ
Donate to DVB

နိုင်ငံတော်ရဲ့ အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုထံ ပြန်လည်ရောက်ရှိရေးကို မမှိတ်မသုံ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)က သဘောထားထုတ်ပြန်ထားပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ် သဘောထားထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အင်အားစုအားလုံးနဲ့ လက်တွဲသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥ ပဒေတွေနဲ့အညီ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးနိုင်ခဲ့ပြီး ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကြားမှပင် ရဲရဲဝံ့ဝံ့ တက်ကြွစွာ ဆန္ဒမဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁၁၇၁ နေရာရှိတဲ့အနက် ၁၁၁၇ နေရာအတွက် ကျင်းပ ပေးနိုင်ခဲ့ပြီး နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၅၆၃၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦး‌ရေရဲ့ ၇၁ ရာခိုင်နှုန်း ကျော်က ဆန္ဒမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ တခဲနက် ဆန္ဒမဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး မဲမသမာမှုရှိတယ်ဆိုတဲ့ မမှန်မကန်စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေအရ မဖြေရှင်းပဲ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ကာ နိုင်ငံတော်ရဲ့ အာဏာကို အတင်းအဓမ္မ သိမ်းယူ ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့  အထွေထွေရွေးကောက်ပွဲရလဒ်ကို အကြမ်းဖက်စစ်ကောင်စီက ဖျက်သိမ်းကြောင်း ကြေညာခဲ့တာဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ မျှော်လင့်ချက်ကို လက်နက် အားကိုးနဲ့ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုက  အကြမ်းမဖက် အာဏာဖီဆန်မှု အပါအဝင် နည်းလမ်း မျိုးစုံနဲ့ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေဖို့ ဆန့်ကျင်တော်လှန်ခဲ့ ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းတာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးတာ၊ မတရားသိမ်းဆည်းလုယူတာတွေစတဲ့ အ ကြမ်းဖက်နည်းလမ်းတွေနဲ့ ဖိနှိပ်ခဲ့တာကြောင့် မြန်မာနိုင်ငံရေး အခင်းအကျင်းဟာ တော်လှန်ရေးအသွင် ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကိုတော့ ပြည်သူလူထုက အပ်နှင်း ထားတဲ့ အခွင့်အာဏာကို ကျင့်သုံးကာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံကာ ဥပဒေပြု ကိစ္စရပ်တွေကို ဆောင်ရွက်တာ၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အ စည်းတွေနဲ့ ဆက်ဆံ‌ရေးထူထောင် ချိတ်ဆက်ဆောင်ရွက်တာ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဖျက်သိမ်းတာတွေအပါအဝင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုထုတ်ပြန်ကာ ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းတာတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း တောရောမြို့ပါမကျန် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်တွေနဲ့အတူ ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ ကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013