DVB Logo
Home
Lead Story
ပိတ်မိမြန်မာအလုပ်သမားများ နေရပ်ပြန်ပြီ
DVB
·
January 8, 2014
ပိတ်မိမြန်မာအလုပ်သမားများ နေရပ်ပြန်ပြီ
Donate to DVB

မလေးရှားနိုင်ငံ ဆာဗား ဆာရ၀ပ်ပြည်နယ်ရှိ မီရီ(Miri) ဆိပ်ကမ်းမြို့ ရှင်းရန်း သင်္ဘောကျင်းစက်ရုံ ဂိုထောင်ထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ထဲက နေရပ်ပြန်လိုတဲ့ အလုပ်သမား ၈၉ ဦး နေရပ်ပြန်နေကြပြီ ဖြစ်ပါတယ်။

[caption id="attachment_49900" align="alignleft" width="300"]ဓာတ်ပုံ - နော်နော် ဓာတ်ပုံ - နော်နော်[/caption]မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးစိုးဝင်းနဲ့အတူ မြန်မာ အလုပ်သမားရှာဖွေရေး အေဂျင်စီမှ အေးဂျင့်များနဲ့ ကုမ္ပဏီပိုင်ရှင်တို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉-၃၀ ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် မြန်မာပြည်ကို ပြန်ဖို့ ပထမဆုံးအသုတ်အနေနဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့ညမှာ မြန်မာအလုပ်သမား ၄၈ ဦး ပြန်ခဲ့ရပြီး ဒုတိယအသုတ်အဖြစ် ဒီကနေ့ညမှာ မြန်မာအလုပ်သမား ၂၀ ဦး မြန်မာပြည်ကို ပြန်မှာဖြစ်ပါတယ်။

လတ်တလော မြန်မာအလုပ်သမား ၂၀ ဦးဟာ မီရီမြို့ပေါ်က အခန်း ၁ ခန်းမှာ မြန်မာပြည်ကို ပြန်ဖို့ စောင့်နေပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်း က သူတို့ နေရပ်ပြန်ဖို့ လိုက်လံဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

“မီရီမြို့ပေါ်က အခန်း ၁ ခန်းမှာ ငှားထားတယ်။ သူတို့က ဒီညပါခင်ဗျ။ ဒီမှာက သူတို့ရဲ့ လုပ်ငန်းစဉ်အရ စာချုပ်မပြည့်ပဲနဲ့ ပြန်ရင် အလုပ်ရှင်ဆီက စာအုပ်ယူပြီး မလေးရှား မီရီ လ၀က မှာ ပြန်မယ်ဆိုတဲ့ အကြောင်း သတင်းပို့ရတာ လုပ်ရပါတယ်။ အဲဒီတော့မှ သူတို့က ပြန်ခွင့်ပြုတဲ့ စာထုတ်ပေးတယ်။ အဲဒီ ထုတ်ပေးတဲ့စာရမှ ပြန်လို့ရပါတယ်။ အခု အဲဒီကျန်တဲ့ အယောက် ၂၀ အတွက် အဲဒါ လိုက်လုပ်နေတယ်။”

မြန်မာအလုပ်သမား ၉၈ ဦးထဲက မိသားစုအခက်အခဲတွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ် ဆက်လက်လုပ်ကိုင်လိုတဲ့ အလုပ်သမား ၉ ဦးကိုတော့ ကုမ္ပဏီပိုင် တခြား သင်္ဘောကျင်းမှာ ဆက်လက် လုပ်ကိုင်စေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးနဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ ဦးတို့ အချင်းများရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် သင်္ဘောကျင်းရှိ ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013