DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃ ဦးနှင့် အရပ်သား ၁ ဦးသေဆုံး
DVB
·
November 8, 2021
မင်္ဂလာဒုံတွင် ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃ ဦးနှင့် အရပ်သား ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့ တရက်တည်းမှာ အပြင်းစား ပစ်ခတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးနဲ့ အရပ်သား သန့်ရှင်းရေးအကူ ဈေးသည် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ မွန်းတည့် ၁၂ နာရီခွဲ ဝန်းကျင်က မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာ အုပ်စုရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ Terminal ဆီဆိုင်အကြားရှိ ဂိတ်စောင့်နေတဲ့ စစ်သားတွေကို တက္ကစီကားပေါ်မှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အစောင့်စစ်သား ၁ ဦးနဲ့ အရပ်သား သန့်ရှင်းရေးအကူ ဈေးသည် ၁ ဦး သေဆုံးကာ အစောင့် စစ်သား ၁ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

နေ့လယ် ၁ နာရီခွဲလောက်မှာတော့ “လုပ်ချင်ရင် တပ်ရင်းကို လာလုပ်လှည့်” ဟု ကြိမ်းဝါးထားတဲ့ တပ်ရင်းမှူးရှိရာ တပ်ရင်း (၉) နဲ့ လန်ဒန်စက်ရုံအကြားတွင် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့တာပါ။

နောက်ထပ်တစ်ကြိမ်ကတော့  နေ့လယ် ၂ နာရီခွဲဝန်းကျင်ခန့်က မင်္ဂလာဒုံ မြို့နယ် ခရေပင်ရိပ်မွန်အိမ်ရာ အနန်းပင် လေတပ်အနီး ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လေတပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပထမနှစ်ကြိမ်ဖြစ်ပွားမှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေ မင်္ဂလာဒုံ အဝင်အထွက် အမှတ် (၃) လမ်းမတစ်လျှောက်နဲ့ ထောက်ကြန့်မြို့တွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေစဉ်မှာပဲ မင်္ဂလာဒုံမြို့နယ် တောင်ပိုင်း အနန်းပင်လေတပ်အနီးမှာ တတိယအကြိမ် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013