DVB Logo
Home
မြန်မာသတင်း
အာဆီယံအရပ်ဘက် ဆွေးနွေးပွဲ လူထုကိုယ်စားလှယ်ပါဝင်ရေး ကြိုးပမ်း
DVB
·
January 7, 2014
အာဆီယံအရပ်ဘက် ဆွေးနွေးပွဲ လူထုကိုယ်စားလှယ်ပါဝင်ရေး ကြိုးပမ်း
Donate to DVB

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရပ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲမှာ လူထုတွေ အတွက် လုပ်ကိုင်နေတဲ့ စစ်မှန်တဲ့ လူထုကိုယ်စားပြု အရပ်ဖက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ရေး အတွက် မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ဆွေးနွေးခဲ့ ပါတယ်။

[caption id="attachment_49877" align="alignleft" width="300"]ဓာတ်ပုံ - ညိုအုန်းမြင့် ဓာတ်ပုံ - ညိုအုန်းမြင့်[/caption]အရင်ခေတ်အဆက်ဆက်က အာဆီယံ အရပ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲမှာ မြန်မာ အစိုးရက ရွေးချယ်တဲ့ အာဆီယံ အရပ်ဖက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပဲ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့ပေမယ့် အခုအခါမှာတော့ အရပ်ဖက် အဖွဲ့အစည်းတွေ ရွေးချယ်တဲ့ ကိုယ်စားလှယ် တွေ တက်ရောက်နိုင်ရေး ပြည်ထောင်စု ၀န်ကြီးတွေ အပါအ၀င် အရပ်ဖက်အဖွဲ့အစည်းတွေက ဆွေးနွေးခဲ့တာပါ။

ဒါအပြင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ပြုလုပ်ဖို့ အတွက် လုပ်ဆောင် နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အခက်အခဲတွေ၊ ကြုံတွေနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပညာရှင်တွေက အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးသွားတယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

“အဓိက ဆွေးနွေးတဲ့ ခေါင်းစဉ်က ၂ ခုပါ။ ဆွေးနွေးမယ့်သူတွေကို ဒီမိုကရေစီနည်းကျကျ လွတ်လွတ်လပ်လပ် ရွေးဖို့အတွက် ၀န်ကြီး ဦးစိုးသိမ်းအနေနဲ့လည်း အဓိက ထား ဆွေးနွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ခေတ်အဆက်ဆက်ကလို အစိုးရကနေ ချပေးထားတဲ့ အရင်ဖက် လူ့အဖွဲ့အစည်းက မဟုတ်ပဲနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းက လူတွေကို ကိုယ်စားတကယ်ပြုတဲ့သူတွေကိုလည်း ရွေးချယ်ပေးနိုင်အောင်လည်း ဒီအစည်းအဝေးကနေပြီး တော့ အဓိက တိုက်တွန်းပါတယ်။ ဒုတိယ အချက်ကတော့ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ၀န်ကြီး ဦးအုန်းမြင့်တို့အနေနဲ့ ဆက်လက်ပြီးတော့ ချိတ်ဆက် ဆောင်ရွက်တဲ့အခါမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးတာလည်း ရှိပါတယ်။”


ဝန်ကြီး ဦးစိုးသိန်းကတော့ လူမှုရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ မပါဘဲ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့ အခက်အခဲရှိတယ်ဆိုတာကိုလည်း ထောက်ပြသွားတဲ့ အကြောင်း သူက ပြောပါတယ်။

အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးဖိုရမ်နဲ့ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း အတွက် အရပ်ဖက်အဖွဲ့အစည်းနဲ့ လူမှုရေး အဖွဲ့အစည်းများ ရွေးချယ်မှု အစည်းအဝေးကို ရန်ကုန်ငြိမ်းချမ်းရေး ဆင်တာမှာ ဇန်န၀ါရီ ၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု ၀န်ကြီးတွေ အရပ်ဖက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ ၁၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

အာဆီယံ ဥက္ကဌ ရာထူး လက်ခံထားပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရာနဲ့ချီတဲ့ အာဆီယံ အစည်းအဝေးတွေကို ကျင်းပဖို့ အသင့်ဖြစ်နေပြီး မကြာခင် အစည်းအဝေးတွေ ဆက်တိုက် ကျင်းပသွားဖို့ ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013