DVB Logo
Home
မြန်မာသတင်း
အလွတ်ကျက် ပညာရေးစနစ် မလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
January 7, 2014
အလွတ်ကျက် ပညာရေးစနစ် မလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

စာမေးပွဲအောင်ဖို့ အလွတ်ကျက်ရတဲ့စနစ်ဟာ တိုင်းပြည်အနာဂတ်အတွက် အဆင်မပြေ နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဒီကနေ့မနက် ချင်းပြည်နယ် တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာက မူလတန်းလွန်ကျောင်း ဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာလို့ ကလေးမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘမင်းက ပြောပါတယ်။

[caption id="attachment_49869" align="alignleft" width="300"]4DASSK Chin trip 07012014 ဓာတ်ပုံ - kms swe facebook[/caption]

“အန်တီပြောတာက ပညာရေးနဲ့ ပတ်သက်လို့ ပညာရေးမှာ အလွတ်ကျက် ပညာရေးစနစ် မဟုတ်ဘဲနဲ့ စာမေးပွဲအောင် ပညာရေးစနစ် မဟုတ်ဘဲနဲ့ ကျောင်းသားတွေကို တွေးနိုင်ခေါ်နိုင်၊ တွေးတတ်ခေါ်တတ်အောင် ပညာသင်ပေးဖို့ လိုအပ်တယ်ဆိုပြီး ဆရာမတွေကို ပန်ကြားခဲ့တယ်။ ကျောင်းသားများရဲ့ မေးခွန်းများ၊ ကျောင်းသားတွေရဲ့ အပြန်အလှန် ပြောဆိုမှုများ လုပ်သင့်တယ်။ ဒါမှလည်းပဲ တိုင်းပြည်ရဲ့ ပညာရေးက ဖွံ့ဖြိုးမှာ။ အဲတော့ တလျှောက်လုံး ကျနော်တို့က စာမေးပွဲခန်းထဲ ရောက်တာနဲ့ တပြိုင်နက် စာမေးပွဲအောင်ဖို့ အလွတ်ကျက်ရတဲ့ စနစ်ဟာ တိုင်းပြည် အနာဂတ်အတွက် အဆင်မပြေနိုင်ဘူးဆိုပြီး အဲလိုပြောသွားပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၉း၀၀ နာရီမှာ ဇိုနွမ်းဇန်ကျေးရွာက မူလတန်းလွန်ကျောင်းကို ဖွင့်လှစ်ပေးခဲ့တာပါ။

ဆရာတော် အရှင်ဆန္ဓာဓိကက အဖွဲ့ချုပ်ရဲ့ အမေ့အိမ်ပညာ ဒါနကျောင်းအတွက် လှူဒါန်းဖို့ ဆန္ဒရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားဒေသတွေမှာ ပိုပြီး အကျိုးရှိစေမယ့် မူလတန်းကျောင်းလှူဖို့ အကြံပြုခဲ့တဲ့အတွက် အဲဒီအလှူငွေကို ဇိုနွမ်းဇန်ကျောင်းကို ပေးအပ်ခဲ့တာလို့လည်း ဦဘမင်းက ပြောပါတယ်။

ဇိုနွမ်းဇန် ကျောင်းအတွက် အရှင်ဆန္ဓာဓိက ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တဲ့အပြင် ဗလာစာအုပ်ဒါဇင် ၅ ရာကျော်နဲ့ ဘောပင်ခဲတံတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013