DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီး ၃ လအတွင်း စစ်တပ်ပိုင် Mytel ကုမ္ပဏီ ဒေါ်လာ ၂၄ ဒသမ ၉ သန်း ဆုံးရှုံး
DVB
·
November 6, 2021
အာဏာသိမ်းပြီး ၃ လအတွင်း စစ်တပ်ပိုင် Mytel ကုမ္ပဏီ ဒေါ်လာ ၂၄ ဒသမ ၉ သန်း ဆုံးရှုံး
1 / 3
Donate to DVB

စစ်တပ်ပိုင် Mytel  ကုမ္ပဏီအနေနဲ့  စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလမှ ဧပြီလအထိ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉ သန်း ထိခိုက်နစ်နာခဲ့ပြီး၊ အသုံးပြုသူ ၂ သန်းအထိ ဆုံးရှုံးခဲ့ရကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူတွေနဲ့  အရောင်းဆိုင် ပိုင်ရှင်တွေက  စစ်တပ်ပိုင် Mytel မိုဘိုင်းဖုန်းကွန်ရက်ကို သပိတ်မှောက်ထားကြတာဖြစ်ပါတယ်။ 

အာဏာသိမ်းမှု ပထမနှစ်လအတွင်း Mytel-Pay အရောင်းကိုယ်စားလှယ် ၁၀၀၀၀ ဝန်းကျင်က နုတ်ထွက်ခဲ့ကြပြီး၊ အာဏာသိမ်းမှုမတိုင်မီ ဇန်နဝါရီလအထိ အရောင်းကိုယ်စားလှယ် အရေအတွက် ၅၄,၄၃၀ ဦးရှိရာက  ဇူလိုင်လတွင် ၃၈,၁၈၉ ဦးအထိ လျော့ကျခဲ့ပါတယ်။ 

အဲဒီအခြေအနေကြောင့် ဈေးကွက်ဝေစု ပြန်လည်ရယူဖို့  ကြိုးပမ်းမှုအဖြစ် ကုမ္ပဏီက ကုန်ကျစရိတ် ကြီးမားပြီး တရားမဝင်တဲ့ မဟာဗျူဟာတွေကို အသုံးပြုခဲ့ကြောင်း၊ အခုလုပ်ရပ်လိုပဲ  ၂၀၁၈ ခုနှစ် Mytel စတင်ပြီး တစ်လအတွင်း စံချိန်တင် အရောင်းမြှင့်တင်ရေးတွင် ဝယ်ယူ သုံးစွဲသူ ၂ သန်းကျော်ကို မှတ်ပုံတင်နိုင်ခဲ့ကြောင်း ကြွားဝါခဲ့တဲ့ တရားမဝင်လုပ်ရပ် နောက်ပိုင်း ထပ်မံလုပ်ဆောင်တာ ဖြစ်ပါတယ်။

Mytel ကုမ္ပဏီကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့  လက်ဝေခံကုမ္ပဏီ Star High က တစိတ်တပိုင်း ပိုင်ဆိုင်ထားပြီး မိုင်တဲလ်မှာ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုက  ခရိုနီတွေဆီက ရှယ်ယာတွေကို Star High ကို  လွှဲပြောင်းပြီးနောက်ပိုင်း ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းနဲ့ ၃၉ ရာခိုင်နှုန်းကြားအထိ ရှိလာပါတယ်။ 

Mytel ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနပိုင် ကုမ္ပဏီ Viettel Global Investment က ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

စစ်တပ်ခေါင်းဆောင်ပိုင်းတွေအနေနဲ့ အမြောက်အမြား နစ်နာဆုံးရှုံးကြမှာဖြစ်ပြီး၊  Distributed Denial of Secrets က ဖွင့်ချခဲ့တဲ့  မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့  စာရွက်စာတမ်းတွေကို Justice For Myanmar က လေ့လာ သုံးသပ်ချက်အရ လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်အနေနဲ့  Mytel  အမေရိကန် ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ရရှိဖို့  ခန့်မှန်းတွက်ချက်ထားကြောင်း သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) စက်တင်ဘာ ၇  ရက်မှာ  ခုခံတော်လှန်စစ်ပွဲ စတင်ကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ  Mytel  တာဝါတိုင်တွေ ၂၀၀ ဝန်ကျင် ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခံရလို့ ဆုံရှုံးမှုတွေလည်းရှိခဲ့ပါတယ်။ 

အာဏာသိမ်းစစ်တပ်ကတော့  Mytel မိုဘိုင်းကွန်ရက်ကို လူတွေပိုမိုအသုံးပြုနိုင်အောင်  မြို့နယ်တွေ အတော်များများမှာ Mytel မိုဘိုင်းတခုသာ အသုံးပြုလို့ရအောင် လုပ်ထားပြီး တခြားပြိုင်ဘက် ကုမ္ပဏီတွေရဲ့ မိုဘိုင်း ဆက်သွယ်ရေးကွန်ရက် တွေကို သုံးမရအောင် ပိတ်ထားတာတွေလည်း  လုပ်ဆောင်နေပါတယ်။  

Photo- DSINFO/ Justice for Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013