DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့သို့ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာ
DVB
·
November 6, 2021
ကျောက်မဲမြို့သို့ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာ
1 / 8
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲကြောင့်  အောက်တိုဘာ ၅ ရက်နေ့က ဒုတိယသုတ်အနေနဲ့ ရွာပေါင်း ၆ ရွာက စစ်ရှောက်ပြည်သူ ၂၀၀၀ ကျော် မြို့ပေါ် ထပ်ရောက်လာကြတယ်လို့ ပရဟိတ လူမှု ကူညီရေးအသင်းတွေဆီက သိရပါတယ်။

ရှမ်းပြည်တပ်မတော် (RCSS) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတာပါ။

ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဖြစ်နေတာကတော့ လချီကြာပြီ။ အခု စစ်ရှောင်တွေ ဆင်းလာတဲ့ နေရာတွေမှာ ဖြစ်နေတာလည်းပဲ ကြာပြီ။ အခု စစ်ရှောင်တွေနေတဲ့ နေရာကို ထိုင်နေတာက RCSS။ စစ်ဆင်လာတာက TNLA နဲ့ မဟာမိတ်က ဖြစ်နေတာ။ သူတို့တွေ အဲနားကိုကပ်လာပြီ။ ကပ်လာတဲ့အတွက် သူတို့ အဲဒီ ရွာသူရွာသားတွေကို ရှောင်ခိုင်းလိုက်တာ။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ရှောင်တဲ့ လူတွေလည်း မပြန်နိုင်သေးသလို အခုက နေရာသစ်မှာ ထပ်ဖြစ်လာတာပေါ့" လို့ ပြောပါတယ်။

ပထမသုတ်အဖြစ် နိုဝင်ဘာ ၄ ရက်နေ့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုမှာ စစ်ရှောင်ပြည်သူ ၅၀၀ ခန့် ရောက်ရှိနေခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ လူမှုကူညီရေးအသင်းတွေ နှစ်ကျော့ သွားရောက်ကူညီသယ်ဆောင်ခဲ့ကာ လူဦးရေစာရင်းကို ပြုစုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ကြိမ်ကိုင်ရွာ၊ မြိုင်းဆိုင်းရွာ၊ တွန်ဟိတ်ရွာ၊ ဟူးဆွန်ရွာ၊ ပုင်းနွဲ့ရွာ၊ ပုင်းလုံရွာ စတဲ့ရွာတွေက ဖြစ်ပြီး အိမ်ထောင်စု ၃၉၂ စု၊ အမျိုးသား ၈၅၀ ဦး၊ အမျိုးသမီး ၁၄၄၀ ဦး၊ စုစုပေါင်း လူဦးရေ ၂၂၉၀ ရှိပြီး ပုင်းနွဲ့ရွာနဲ့ ပုင်းလုံရွာက စာရင်းကတော့ မပါသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် ထပ်ရှောင်လာမယ့်သူရှိသေးကြောင်း၊ စစ်ရှောင်ပြည်သူတွေကို မန်ခါ ဘုန်းကြီးကျောင်း၊ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု၊ တောင်နောက်ကျောင်းတွေမှာ နေရာစီစဉ်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် အခက်အခဲ အမျိုးအမျိုး ကြုံရတာကြောင့်  ငြိမ်းချမ်းစေချင်ပြီလို့ စစ်ဘေးရှောင်တွေကို အကူအညီ ပေးနေသူ ၁ ဦးက ပြောပါတယ်။

"ဒီလိုပဲ ဖြစ်နေကြမယ် အဖြေမပေါ်ဘူးဆိုရင်တော့ ဒေသခံတွေ မြေစာခံရမှာပေါ့။ နောက်ဆက်တွဲကတော့ မကြာခဏ တိုက်ပွဲဖြစ်မယ်၊ မကြာခဏ စစ်ရှောင်ရမယ် သို့တည်းမဟုတ် ငြိမ်ပြီဆိုလည်း မိုင်းတွေ နင်းမိကြမယ်။ နောက်ပြီးတော့ တောင်ယာလုပ်ငန်းတို့ စီးပွားကုန်သည်လုပ်ငန်းတွေလည်း စစ်ရေးကြောင့် လုံခြုံရေး အကြောင်းပြပြီးတော့ ပိတ်ဆို့တားဆီးတာတွေ ဖြစ်မယ်။ အနေအထားတွေက မတည်မငြိမ်ဖြစ်မှာပေါ့နော် ဒေသတွင်းမှာ။ အဲတော့ ဒီ ဟာကြီးကို ပြီးသွားစေချင်တာပေါ့။ ဒါမှ ပိုနေမြဲ ကျားနေမြဲ နယ်ခံတွေ သက်သာမှာပေါ့။ သူတို့ နှစ်ဖက် ဖြစ်နေတဲ့ စစ်ရေးကိစ္စကတော့ မဝေဖန်လိုဘူး။ သို့သော်လည်းပဲ မပြတ်မသားဖြစ်နေမယ် ဆိုရင်လည်းပဲ မကောင်းဘူး။ အဲလိုပေါ့ ငြိမ်းချမ်းရေးရသွားရင်ကောင်းတာပေါ့နော်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက စတင်ကာ ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းအချင်းဖြစ်တဲ့ RCSS နဲ့ TNLA၊ SSPP ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Video and Photo Crd# ဇီဝိတ လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013