DVB Logo
Home
မြန်မာသတင်း
“အောင်လံလွှင့်ချီ နွေဦးထီ” ပြန်လည်စတင်ရောင်းချ
DVB
·
November 5, 2021
“အောင်လံလွှင့်ချီ နွေဦးထီ”   ပြန်လည်စတင်ရောင်းချ
Donate to DVB

အောင်လံလွှင့်ချီနွေဦးထီ ပြန်လည်စတင်ရောင်းချတဲ့ ဒီနေ့  နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီအထိ စောင်ရေ ၈၅၀၀ ကျော်(ငွေကျပ်သိန်း ၁၇၀) ကျော်ဖိုးရောင်းကုန်ထားတယ်လို့ NUG ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

နွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့ကစပြီး နေ့စဉ်မနက် ၁၀ နာရီကနေ ည ၁၀ အထိရောင်းချပေးနေတာဖြစ်ပါတယ်။

စမ်းသပ်ကာလတုန်းကလို တစ်ရက်စာ လက်မှတ်အကန့်အသတ်နဲ့မဟုတ်တဲ့အတွက် ပြည်သူတွေက အားလပ်တဲ့အချိန်မှာ စိတ်ကြိုက်အားပေးနိုင်မှာဖြစ်ပါတယ်။

စမ်းသပ်ကာလတုန်းကရောင်းအားနဲ့နှိုင်းယှဉ်ရင် အခုရောင်းအားက အနည်းငယ်အေး သလိုဖြစ်နေတဲ့အတွက် ပြည်သူတွေက ပိုပြီးအားပေးကြဖို့ ဦးမင်းဇေယျာဦးက တိုက်တွန်းပါတယ်။

"နည်းပညာတွေနည်းနည်းလေးပြောင်းလဲထားတယ်။ အချိန်အကန့်အသတ်မရှိလည်း ရောင်းပေးနေတာဆိုတော့လောလောဆယ်အထိတော့ အခြေအနေက မတည်ငြိမ်သေးဘူး။ ပြောလို့ မရသေးဘူးပေါ့။ နွေဦးထီဆိုတာ တော်လှန်ရေးထီဆိုတော့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ပြည်သူတိုင်း လုံလုံခြုံခြုံလေးပါဝင်နိုင်အောင် ကျနော်တို့ ကြိုးစားထားပါတယ်။ နွေဦးထီမှာပါဝင်တာဟာ သပိတ်တိုက်ပွဲတစ်ရပ်မှာပါဝင်တာလို့ပဲလို့ ကျနော်ပြောချင်ပါတယ်။”

နွေဦးထီကို တစ်စောင်  ကျပ် ၂၀၀၀ နှုန်းနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရောင်းချပေးနေတာဖြစ်ပြီး လစဉ် တစ်လမှာ ၂၅ ရက်၊ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖွင့်လှစ်ရောင်းချပေးသွားမယ်လို့ နွေဦးထီမိသားစုက ထုတ်ပြန်ထားပါတယ်။

နွေဦးထီကို မြန်မာကျပ်ငွေနဲ့သာဝယ်ယူနိုင်မှာဖြစ်ပြီး အမြင့်ဆုံးဆုမဲပေါက်ငွေက တစ်စောင်ကို ၁၅ သိန်းကျပ်ဖြစ်ပါတယ်။

လစဉ်ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM သူရဲကောင်းတွေအတွက် ကူညီထောက်ပံ့သွားမယ်လို့ NUG က ကြေညာထားပါတယ်။

နွေဦးထီထိုးနည်း နည်းလမ်းသစ်တွေနဲ့ လိုအပ်ချက်တွေကို အောင်လံလွှင့်ချီနွေဦးထီတရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013