DVB Logo
Home
Lead Story
အာဆီယံအစည်းအဝေးတွေ ဆက်တိုက်ကျင်းပတော့မည်
DVB
·
January 7, 2014
အာဆီယံအစည်းအဝေးတွေ ဆက်တိုက်ကျင်းပတော့မည်
Donate to DVB

အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံထားပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ အာဆီယံဆိုင်ရာ အစည်းအဝေးတွေ အားလုံး ကျင်းပနိုင်ရေး အဆင်သင့် ဖြစ်နေပြီး မကြာမီ အစည်းအဝေးတွေ ဆက်တိုက် ကျင်းပသွားဖို့ ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

RUSNEWS152055လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့ကျရင် နေပြည်တော် ရွိုင်ရယ်ကုမုဒြာဟိုတယ်မှာ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိတွေရဲ့ အစည်းအဝေးနဲ့ အာဆီယံ အသိုက်အ၀န်း (အေအီးစီ) ဆိုင်ရာ ကော်မတီများ အစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။

အလားတူ အာဆီယံဥက္ကဋ္ဌ ရာထူးယူပြီးနောက် ပထမဦးဆုံး ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတော့ လာမယ့် ဇန်န၀ါရီ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပုဂံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လာမယ့် ဇွန်နဲ့ ဇူလိုင်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမယ့်နေရာနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ တည်းခိုမယ့် ဟိုတယ်တွေကို သမ္မတ ဦးသိန်းစိန် သွားရောက် စစ်ဆေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013