DVB Logo
Home
Lead Story
အမျိုးသားစီးပွားရေး စီမံကိန်းမူကြမ်း ဆွေးနွေး
DVB
·
January 7, 2014
အမျိုးသားစီးပွားရေး စီမံကိန်းမူကြမ်း ဆွေးနွေး
Donate to DVB

ဇန်န၀ါရီ ၆ ရက်နေ့က နေပြည်တော်မှာ သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်တွေဟာ လာမယ့် ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီးပွားရေး စီမံကိန်းမူကြမ်းကို ဆွေးနွေးခဲ့ကြပြီး ဘတ်ဂျက်နှစ်အတွင်း လျှပ်စစ်မီးရရှိရေးနဲ့ သောက်သုံးရေ ရရှိရေးကို အဓိက ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_49844" align="alignleft" width="300"]ဓာတ်ပုံ - သမ္မတရုံးဝက်ဆိုဒ် ဓာတ်ပုံ - သမ္မတရုံးဝက်ဆိုဒ်[/caption]ဒါအပြင် စိုက်ပျိုးရေး တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးကိုလည်း ရည်မှန်းချက်ထားတယ်လို့ ဆိုပါတယ်။

ဝန်ဆောင်မှုကဏ္ဍအတွက် ၁၂ ရာခိုင်နှုန်းကျော် တိုးတက်ရမယ်လို့ လျာထားပြီး လယ်ယာကဏ္ဍကိုတော့ ၃ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်ဖို့ပဲ လျာထားတာ တွေ့ရပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကတော့ ချင်းပြည်နယ်ကို ၂၆ ရာခိုင်နှုန်းကျော် တိုးတက်ဖို့ လျာထားပြီး ကချင်ပြည်နယ်ကိုတော့ တိုးတက်မှု ၂ ရာခိုင်နှုန်းနဲ့ အနည်းဆုံး လျာထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013