DVB Logo
Home
မြန်မာသတင်း
NUG အစိုးရက ငွေတိုက်စာချုပ် ဒေါ်လာသန်း ၂၀၀ ဖိုး စတင်ရောင်းချမည်
DVB
·
November 4, 2021
NUG အစိုးရက ငွေတိုက်စာချုပ် ဒေါ်လာသန်း ၂၀၀ ဖိုး စတင်ရောင်းချမည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖိုးကို ပထမအသုတ်အဖြစ် နိုဝင်ဘာလဒုတိယအပတ်မှာ စတင်ရောင်းချသွားမယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

NUG က စုစုပေါင်း ဒေါ်လာသန်း ၁၀၀၀ ဖိုးအထိ ငွေတိုက်စာချုပ်တွေရောင်းချသွားဖို့ရှိနေပြီး R စီးရီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန် လက်မှတ်အမျိုးအစား ၄မျိုးခွဲထားတယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ရောင်းမယ့် ငွေတိုက်စာချုပ်တွေဟာ အတိုးနှုန်းမပေးနိုင်ကြောင်းနဲ့ တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်ရွေးနုတ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။

ငွေတိုက်စာချုပ် အချိန်ကန့်သတ်ချက်ကိုတော့ လောလောဆယ်မှာ အချိန် ၂ နှစ်အထိ သတ်မှတ်ထားပါတယ်။ တော်လှန်ရေးအစိုးရတစ်ရပ်က ငွေတိုက်စာချုပ်ထုတ်ရောင်းတယ်ဆိုတာ NUG အစိုးရက ကမ္ဘာ့သမိုင်းရဲ့ ပထမဆုံးဖြစ်ပြီး တော်လှန်ရေးအောင်စိတ်နဲ့ ယုံကြည်စိတ်ချပြီးဝယ်ယူကြဖို့ ဦးတင်ထွန်းနိုင်က မေတ္တာရပ်ခံတိုက်တွန်းပါတယ်။

"လေးမျိုးလေးစားရောင်းချသွားမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်ငွေတိုက်စာချုပ်တွေရောင်းချသွားမှာဖြစ်ပါတယ်။ တရားဝင်ပြည်သူတွေဆီက တရားဝင်ငွေချေးယူတာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက်လိုအပ်တဲ့ ငွေကြေးတွေကို ရဖို့အတွက် ငွေတိုက်စာချုပ်တွေကို ဝယ်ယူပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီငွေတိုက်စာချုပ်တွေက ရငွေတွေက တော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက ယုံယုံကြည်ကြည် ဝယ်ယူကြမယ်ဆိုရင် တော်လှန်ရေးကြီးမြန်မြန်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အာလုံးက စစ်အာဏာရှင်ကိုချေမှုန်းမယ်ဆိုတဲ့စိတ်တဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းချီတက်စေချင်ပါတယ်။"

အစိုးရက ငွေလိုအပ်တဲ့အခါ ငွေတိုက်စာချုပ်(ငွေချေးစာချုပ်)တွေကို ပြည်သူတွေဆီရောင်းချပြီး ပြည်သူတွေဆီက ငွေသားခဏယူတဲ့ ပုံမှန်လုပ်ငန်းစဉ်ဖြစ်ပါတယ်။  ငွေတိုက်စာချုပ်တွေမှာ သတ်မှတ်ကာလဖော်ပြပါဝင်လေ့ရှိပြီး ပြည်သူတွေက သတ်မှတ်အချိန်စေ့ရင် အစိုးရဆီကငွေကို ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေဘက်ကပြန်လည်ရရှိနိုင်တဲ့ အကျိုးအမြတ်ကတော့ ကာလအပေါ်မူတည်ပြီး အတိုးနှုန်းတစ်ရပ်ပြန်ရတာဖြစ်ပါတယ်။ တချို့ငွေတိုက်စာချုပ်တွေကတော့ အတိုးမပေးဘဲ အစိုးရကရောင်းချစဉ်ကတည်းက စာချုပ်ရဲ့တန်ဖိုးထက်နည်းပါးတဲ့ နှုန်းထားနဲ့ ပြည်သူတွေက ဝယ်ယူပြီး အကျိုးအမြတ်တခု ကြိုတင်ရယူနိုင်တာဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီ  ၁ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျပ်သန်းပေါင်း ၇ သိန်းတန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီး ပြည်သူတွေဆီက ငွေချေးယူဖို့စီစဉ်ခဲ့ပေမယ့် ဝယ်ယူသူမရှိသလောက်နည်းပါးခဲ့ပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလထဲမှာ ကျပ်သန်းပေါင်း ၂သိန်းတန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေထုတ်ရောင်းခဲ့ပြီး ဇွန်လအတွင်းမှာ ငွေကျပ်သန်းပေါင်း ၅သိန်းတန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013