DVB Logo
Home
မြန်မာသတင်း
နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) က ကျောင်းသား ၁ ဦး ထပ်မံ ဖမ်းဆီးခံရ
DVB
·
November 4, 2021
နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) က ကျောင်းသား ၁ ဦး ထပ်မံ ဖမ်းဆီးခံရ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီလောက်က  နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) က ကျောင်းသား တယောက် ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရသူဟာ တတိယနှစ် EcE Major ကျောင်းသား ကို​ဇေယျာလင်း ဖြစ်ပြီး နေအိမ်မှာရှိနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

နေအိမ်ကို စစ်ကောင်စီတပ်သား အင်အားအလုံးအရင်း ဝိုင်းပြီး လက်​နောက်ပြန် လက်ထိပ်ခတ်ကာ ကိုဇေယျာလင်းကို ခေါ်​ဆောင်သွားကာ ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေ နောက်တကြိမ် ​နေအိမ်ကို ပြန်လာပြီး ကို​ဇေယျာလင်းရဲ့ လက်ကိုင်ဖုန်းကို အိမ်အတွင်း ​မွှေနှောက် ရှာ​ဖွေ ယူဆောင်သွားတယ်လို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားသမဂ္ဂ ကနေ သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ညပိုင်းကလည်း နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) 5th Batch မှ Advanced Materials Engineering (အဆင့်မြင့်ဒြပ်ပစ္စည်း အင်ဂျီနီယာ) မေဂျာ မှာ တက်​ရောက်​နေ​တဲ့ ကိုမျိုးသူနိုင်ကို မိတ္ထီလာမြို့ရှိ နေအိမ်မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုမျိုးသူနိုင်နဲ့ ကိုဇေယျာလင်း တို့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013