DVB Logo
Home
မြန်မာသတင်း
ABSDF တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက ဖမ်းဆီးမှု အန်စီအေချိုးဖောက်ရာရောက်ဟု PPST ပြော
DVB
·
November 4, 2021
ABSDF တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက ဖမ်းဆီးမှု အန်စီအေချိုးဖောက်ရာရောက်ဟု PPST ပြော
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဆက်ဆံရေးရုံး တာဝန်ခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာဟာ  အန်စီအေ အပစ်ရပ်စာချုပ်ကို  ချိုးဖောက်ရာရောက်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်က ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် ဒီနေ့ပြုလုပ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST အစည်းအဝေးမှာ အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောတာပါ။

“ဆက်ဆံရေးရုံးနဲ့ ရုံးအဖွဲ့ဝင်များဟာ Bilateral (အပစ်ရပ်) စာချုပ်နဲ့ အန်စီအေစာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့ နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်ကဲ့သို့ ဆက်ဆံရေးအရာရှိများ ဖြစ်သည့်အပြင်ကို အကာကွယ်ပေးရမယ်လို့ အန်စီအေမှာ ပြဋ္ဌာန်းထားတာကြောင့် ဒီပြုမူချက်ဟာ NCA ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က ABSDF ရဲ့ မြဝတီမြို့ရှိ ဆက်ဆံရေးရုံး တာဝန်ခံနဲ့ အဖွဲ့ဝင် ၃ ယောက်ကို စစ်တပ်၊ ရဲနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက လာရောက် ဖမ်းဆီးသွားခဲ့တာပါ။

PPST ခေါင်းဆောင်က ပြီးခဲ့တဲ့ တလအတွင်း ပြည်ထောင်စုထဲမှာ ဖြစ်ပေါ်ပြောင်းလဲတာ တွေ အများကြီး ဖြစ်ထွန်းခဲ့တယ်လို့ သူ့ရဲ့ မိန့်ခွန်းအစပိုင်းမှာ ဆိုပါတယ်။

နောက်ဆုံးအချိန်ကျမှ ရွှေ့ဆိုင်းလိုက်ရတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပြည်တွင်း ခရီးစဉ်၊ NCA-S EAO တဖွဲ့ချင်းစီအနေနဲ့ NCA ၆ နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲကို တက်ခဲ့ ကြတာ၊ အကျဉ်းကျခံဆဲ၊ တရားရင်ဆိုင်နေဆဲ EAO တွေရဲ့ တပ်ဖွဲ့ဝင်တွေကို လွှတ်ပေးတာ၊ ပြည်သူ ၅၆၀၀ ကျော်ကို လွှတ်ပေးတာ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတချို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး နဲ့ PR စနစ်ဆွေးနွေးတာ၊ ၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်မပါဘဲ ကျင်းပတာ၊ ထန်တလန်မြို့က အိမ်ခြေ ၂၀၀ လောက်နဲ့ ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်း မီးရှို့ဖျက်ဆီးခံရတာ၊ ကချင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့ NSPNC တွေ့ဆုံတာတွေအပေါ် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေမှာ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သွားမယ်လို့ လည်း  PPST ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အသစ် ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာနဲ့ ချိတ်ဆက် ပံ့ပိုးဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးသွားမယ်လို့ နိုင်အောင်မင်းက ပြောပါတယ်။

ဒီ ၂ ရက်တာ PPST အစည်းအဝေးမှာ PPST ရဲ့ ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပြီး NCA-S EAO တို့ရဲ့ ၄ ကြိမ်မြောက် ညီလာခံ ဒုတိယပိုင်း ကျင်းပဖို့၊ အနာဂတ်စုဖွဲ့မှု၊ နိုင်ငံရေးရပ်တည်ချက်ရပ် အကောင်အထည်ဖော်တဲ့ အခြေအနေ၊ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်း စတာတွေကို ဆွေးနွေးပြီး သဘောထားချမှတ်သွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013