Home
မြန်မာသတင်း
ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းမိသားစု နေအိမ်များကို ပျူစောထီးအဖွဲ့ မီးရှို့ဖျက်ဆီး
DVB
·
November 4, 2021
247753619_1241632702979780_1274012497790662639_n
252534687_1241632516313132_4400896088415476131_n
249482353_1241632469646470_6793582109583189250_n
249386548_1241632646313119_8896776330135064143_n
248407708_1241632552979795_4697673582280944326_n
248039184_1241632602979790_463415437394427996_n
248025749_1241632752979775_1657727073556282697_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းရဲ့မိသားစုဝင် နေအိမ် ၄ လုံးကို နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီလောက်မှာ တရွာတည်းနေ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “အိမ်ရှင်တွေက ထွက်ပြေးတိမ်းရှောင်နေကြတာ ကြာပြီ။ သူတို့မရှိခင် အိမ်ထဲရှိတဲ့ ပရိဘောဂ ပစ္စည်းတွေကိုယူပြီး နေအိမ်ကို မီးရှို့ကြတာပါ။ မီးရှို့နေတုန်း သူတို့က သေနတ်တွေပစ်ဖောက်ပြီး မကုန်မချင်းစောင့်ရှို့ကြတာ”လို့ ပြောပါတယ်။

NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ဖူးသူ ဦးစိုးလွင် ခေါ် ဦးပေသီး (၅၀၅.က နဲ့ တိမ်းရှောင်နေရသူ) ရဲ့ နေအိမ်အပါအဝင် သူ့ရဲ့အစ်ကို၊ အမေနဲ့သမီးဖြစ်သူတို့ရဲ့ နေအိမ် ၄ လုံးကို ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာက ပျူစောထီးအဖွဲ့ဟာ ရွှေဘိုနယ်၊ ခင်ဦးနယ်၊ ဒီပဲယင်းနယ် စတဲ့မြို့နယ်တွေက ညောင်ကိုင်း၊ မုံတောရွာ အပါအဝင် ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ အားဖြည့်ကူညီနေကြတဲ့အပြင် ပြည်သူလူထုရဲ့ ပစ္စည်းတွေကို လုယက်ယူငင်ရာမှာ စစ်တပ်နဲ့အတူ အဓိက လုပ်ကိုင်ပေးနေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024