DVB Logo
Home
မြန်မာသတင်း
ကချင်တပြည်နယ်လုံးတွင် အခြေခံပညာကျောင်းသား ၃၀၀၀ ကျော်သာ တက်ရောက်
DVB
·
November 4, 2021
ကချင်တပြည်နယ်လုံးတွင် အခြေခံပညာကျောင်းသား ၃၀၀၀ ကျော်သာ တက်ရောက်
1 / 7
Donate to DVB

နိုဝင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကချင်တပြည်နယ်လုံးက အခြေခံပညာကျောင်းတွေမှာ ကျောင်းသား သုံးထောင်ကျော်သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၂ မြို့နယ်က ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသား/ကျောင်းသူ ၃၀၀၀ ကျော်သာရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

"အောက်တိုဘာ ၂၈ ရက်မှာ ပညာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ကချင်ပြည်နယ်က မြို့နယ် ၁၂ မြို့နယ်မှာ အခြေခံပညာကျောင်းတွေ ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ဖို့ ညွှန်ကြားထားတယ်။ နိုဝင်ဘာ ၂ ရက်နေ့အထိတော့ တပြည်နယ်လုံးကျောင်းသား သုံးထောင်ကျော်အထိ ကျောင်းတက်နေတယ်” လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အခြေခံပညာစာသင်ကျောင်းတွေအပြင် ကိုယ်ပိုင်ကျောင်းနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေပါ ဖွင့်လှစ်ဖို့ ပါဝင်ပေမယ့် အများစု ပြန်မဖွင့်သေးဘူးလို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်နေ ကျောင်းသားမိဘတစ်ဦးက “ဒီနှစ်ကတော့ ကျောင်းဖွင့်လည်း မထားတော့ဘူး၊ စာသင်နှစ်ကလည်း ကုန်တော့မယ်။ ကိုဗစ် ရောဂါကူးစက်မှာလည်း ကြောက်သလို နိုင်ငံရေးက ဘာမှန်းမသိဘူး။ ကျနော့်သား သူငယ်ချင်းတွေလည်‌ေ ကျောင်းမတက်ဘူး။ ကျောင်းလွှတ်ဖို့လည်း စိတ်မချဘူး” လို့ ပြောပါတယ်။

ကချင်ပြည်တစ်နယ်လုံးမှာ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်ထားတဲ့ ကျောင်းသားကျောင်းသူ ၁ သိန်းကျော်ရှိပြီး ချီဖွေ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ပူတာအို၊ နောင်မွန် မြို့နယ်တွေမှာ ကိုဗစ်ကူးစက်တာတွေရှိနေတဲ့အတွက်  ကျောင်းပိတ်ထားဆဲဖြစ်ပြီး ကျန် ၁၂ မြို့နယ်မှာတော့ ကျောင်းဖွင့်ထားပေမယ့် ကျောင်းတက်သူ အနည်းငယ်သာရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013