DVB Logo
Home
မြန်မာသတင်း
မင်းတပ်တိုက်ပွဲတွင် စစ်တပ်က ၁၀ ဦးသေဆုံးပြီး CDF က ၁ ဦးကျဆုံး၊ ဆင်ပေါင်ဝဲသတင်းပေး အသတ်ခံရ
DVB
·
November 4, 2021
မင်းတပ်တိုက်ပွဲတွင် စစ်တပ်က ၁၀ ဦးသေဆုံးပြီး CDF က ၁ ဦးကျဆုံး၊ ဆင်ပေါင်ဝဲသတင်းပေး အသတ်ခံရ
1 / 5
Donate to DVB

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ နိုဝင်ဘ ၃ ရက်နေ့ မနက်ပိုင်းက မင်းတပ် CDF နဲ့ အကြမ်းဖက်စစ်အုပ်စု တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်နည်းသေဆုံးပြီးကာ CDF-မင်းတပ်က တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတူပီဘက်ကနေပြန်ဆင်းလာတဲ့ တင့်ကား ၂ စီးအပါဝင် အကြမ်းဖက်စစ်ကား ၇၅ စီးကို မင်းတပ်နဲ့ မတူပီလမ်းကြား တစ်နေရာမှာ ဒီကနေ့မနက်ပိုင်းက မင်းတပ် CDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာကြောင့် CDF တပ်ဖွဲ့ဘက်က ၃ ယောက်ဒဏ်ရာရတဲ့ထဲက ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တစ်ယောက်ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မင်းတပ်မြို့နယ်မှာ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း မင်းတပ် CDF နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးခဲ့ပြီးတော့ ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုင်းပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန်တစ်ယောက်အား သုတ်သင်ရှင်းလင်းခဲ့တယ်လို့ No Chair ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-အောင်လံ လမ်းမပေါ်မှာရှိတဲ့ ဧကရာဇ်ရွာမှာ ဒီကနေ့မနက် ၉ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေးဒလန် ဘညွှန့်ကို မကွေးအခြေစိုက် No Chair ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ၄ ချက်ပစ်ခတ်ပြီးသုတ်သင်ခဲ့တာလို့ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးနက္ခတ်က ပြောပါတယ်။

အဲဒီ စစ်ကောင်စီ သတင်းပေးဒလန်ဟာ ဆင်ပေါင်ဝဲမြို့နယ် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုးရဲ့ ဖခင်အသတ်ခံရတဲ့ကိစ္စမှာ စစ်အုပ်စုကို သတင်းပေးတာ၊ မီတာခမတရားကောက်ခံတာ၊ မိုင်တဲလ်တိုင်နဲ့ အုပ်ချုပ်ရေးမှူးအားထိပါက ရွာကိုမီးရှို့မယ်၊ NLD ပါတီထောက်ခံသူတွေကို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် သုတ်သင်လိုက်တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးအတွက် လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်မှာဖြစ်လို့ ရှေ့လျှောက်လိုအပ်တာတွေ ပိုမိုလှုပ်ရှားနိုင်ဖို့ ပြည်သူ လူထုရဲ့ အကူညီအများကြီးလိုအပ်တယ်လို့ ပြောက်ကျားအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013