DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ အနုပညာညီအစ်ကိုမောင်နှမများအတွက် တွေ့ဆုံပွဲတက်ခဲ့ခြင်းဖြစ်ဟု အကယ်ဒမီ ရန်အောင် သစ္စာစကားဆို
DVB
·
November 3, 2021
ဖမ်းဆီးခံ အနုပညာညီအစ်ကိုမောင်နှမများအတွက် တွေ့ဆုံပွဲတက်ခဲ့ခြင်းဖြစ်ဟု အကယ်ဒမီ ရန်အောင် သစ္စာစကားဆို
Donate to DVB

ဖမ်းဆီးခံ အနုပညာညီအစ်ကိုမောင်နှမတွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်တဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တာဖြစ်တယ်လို့  ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ရန်အောင်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောကြားလိုက်ပါတယ်။ 

“ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ.. ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့  ဖိတ်ကြားခံခဲ့ရပါတယ်၊ အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊ မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့  အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့  မျှော်လင့်ချက်တစ်ခုထဲနဲ့  ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ ဒိထက်ပိုပြီး ဘာအပေးအယူ ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး။”

ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက်  သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့တယ်လို့လည်း အကယ်ဒမီ ရန်အောင်က ပြောပါတယ်။ 

“ကျွန်တော့်စေတနာအမှန်ကြောင့် မလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အမြန်ဆုံးလွတ်မြောက်ဖို့အရေးကို သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့ပါတယ်။ ဒါဟာ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အကြောင်းရင်းမှန်ကန်တဲ့ ကျွန်တော့်ရဲ့ သစ္စာစကားပါ။ အခုလို စေတနာအမှန်ရဲ့ သစ္စာစကားကြောင့်  ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာနေထိုင်ရပါစေသား။” လို့ မင်းသား ရန်အောင်က ပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ  စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေကို  အောက်တိုဘာ ၃၁ ရက်ညက ရန်ကုန်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်သာ ဇေယျာသီရိဗိမ္မာန်မှာ မှာခေါ်ယူတွေ့ဆုံပြီး   ငွေကျပ်သိန်း ၄၀၀၀၊ ဆန် ၁၀၀ အိတ်၊ ဆီ ၅၀၀ ပိဿာနဲ့ ပဲ ၃၀၀ ပိဿာ တို့ ပေးအပ်ခဲ့ပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ အပါအဝင် ပြည်သူဘက်က ရပ်တည်တဲ့ ထင်ရှားတဲ့ အနုပညာရှင်အများအပြားကို  ဖမ်ဆီးထောင်ချထားပြီး တဖက်မှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ အနုပညာရှင်တွေကို ခေါ်ယူတွေ့ဆုံ  ငွေကြေးထောက်ပံ့ခဲ့ တာဖြစ်ပါတယ်။

Photo- ရန်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013