DVB Logo
Home
မြန်မာသတင်း
ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များ အလှူငွေ ကောက်ခံ
DVB
·
November 3, 2021
ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များ အလှူငွေ ကောက်ခံ
1 / 4
Donate to DVB

ချင်းပြည်နယ် ထန်တလန်မြို့ မီးဘေးသင့်ပြည်သူတွေအတွက် စစ်တွေမြို့အပါအဝင် မြို့တချို့မှာ ရခိုင်လူငယ်တွေ ဦးဆောင်ပြီး အောက်တိုဘာ ၃၁ ရက်နေ့က စတင်ပြီး အလှူငွေတွေကောက်ခံကာ လှူဒါန်းသွားဖို့ လုပ်ဆောင်နေကြတယ်လို့ ရခိုင်လူငယ်တွေက ပြောပါတယ်။

အခုလို လှူဒါန်းနိုင်ဖို့ လုပ်ဆောင်ရတာဟာ လက်ရှိ ထန်တလန်မြို့ဒေသခံတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာသလို ပြီးခဲ့တဲ့နှစ်တွေကလည်း ရခိုင်မှာ အခုလိုအကြမ်းဖက်ဖျက်ဆီးခံခဲ့ရတာတွေရှိခဲ့တာကြောင့် ပိုပြီးတော့ ကိုယ်ချင်းစာတဲ့အတွက် တတ်နိုင်တဲ့ ဘက်ကနေ ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်တာလို့ ရခိုင်လူငယ် ၁ ဦးဖြစ်တဲ့ ကိုသက်ဇင်က ပြောပါတယ်။

“ကျနော်တို့ အဓိကလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထန်တလန်မြို့မှာ မီးလောင်ကျွမ်းမှုတွေဖြစ်ခဲ့တယ်။ ဒီထန်တလန်မြို့ဟာဆိုရင် တောင်ပေါ်ဒေသလည်းဖြစ်တယ်၊ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတဲ့နေရာဖြစ်တဲ့အတွက် သူတို့ရဲ့ အခက်အခဲတွေကို ကျနော်တို့နားလည်တယ်၊ ဘာကြောင့်နားလည်လည်းဆိုရင် ရခိုင်ဘက်မှာလည်း ဒီလိုမျိုး မီးလောင်ကျွမ်းမှုတွေ၊ ရွာလုံးကျွတ်မီးလောင်ကျွမ်းမှုတွေ ကြုံတွေ့ခဲ့ရဖူးတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ဒီလိုအခက်အခဲတွေ၊ ခံစားချက်တွေကို ကိုယ်တိုင်သိရှိခဲ့ရတယ်ဆိုတော့ အခုအချိန်မှာ သူတို့တွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးတဲ့ သဘောမျိုးပါ” လို့ ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မီးရှို့မှုတွေကြောင့် ဘုရားကျောင်း ၂ ကျောင်းနဲ့ လူနေအိမ်အဆောင်အအုံ့ စုစုပေါင်း ၁၆၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013