DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြိုနယ်၊ လွယ်ဝှဲရွာကို စစ်ကောင်စီတပ်က မီးရှို့
DVB
·
November 3, 2021
ဖယ်ခုံမြိုနယ်၊ လွယ်ဝှဲရွာကို စစ်ကောင်စီတပ်က မီးရှို့
1 / 2
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာကို နိုဝင်ဘာ ၃ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်စပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွယ်ဝှဲကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာမှုကြောင့် မနေ့ နိုဝင်ဘာ ၂ ရက်နေ့က ကရင်နီ တပ်မ‌တော်(KA)၊ KNDF ၊ PDF (ဖယ်ခုံ)၊ PDF (မိုးဗြဲ) ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စစ်တပ်ဘက်က ၅ ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာ ဒေသခံအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီးနောက် အဲဒီရွာကို စစ်ကောင်စီတပ်က တပ်စွဲထားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီလောက်မှာတော့ အဆိုပါရွာမှာ မီးခိုးတွေထွက်ပြီး မီးလောင်နေတာကို အဝေးကနေသာ မြင်နေရပြီး အနီးကပ်မသွားရဲကြဘူးလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါဒေသမှာ ၂ လအတွင်း တတိယအကြိမ်မြောက်ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် ဖယ်ခုံမြို့ ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ လွယ်ဟွဲရွာ၊  လွယ်လုံရွာ၊ စက်တော်ရွာနဲ့   ခေါင်းအိရွာတို့မှ  ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ Kayan Rescue Committee -KRC က ထုတ်ပြန်ထားပါတယ်။

ကရင်နီ (ကယားပြည်နယ်မှာ)  ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်  KA၊ KNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က နိုဝင်ဘာလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၉၉ ဦး သေဆုံးပြီး၊ စစ်ကောင်စီဘက်က ၃၉၉ သေဆုံးသွားသလို KNDF/KA အဖွဲ့က သေဆုံးသူ ၃၀ ဦးရှိကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင်  နေအိမ် ၃၇၆ လုံး ပျက်စီးခဲ့ရပြီး လူပေါင်း၁၅၉ ဦး ဖမ်းဆီးခံထားရကြောင်း PKPF က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013