DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ရအမိန့်ရုပ်သိမ်း
DVB
·
November 2, 2021
ပခုက္ကူတွင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ရအမိန့်ရုပ်သိမ်း
Donate to DVB

ပခုက္ကူမြို့မှာ ကျောင်းတွေပြန်ဖွင့်တာကြောင့် နိုဝင်ဘာ ၂ ရက်နေ့ကစတင်ပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အိမ်အပြင်မထွက်ရအမိန့် ပြန်ရုပ်သိမ်းထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အခုလို ရုပ်သိမ်းလိုက်ပေမယ့် ပခုက္ကူမြို့မဈေးကြီးမှာ ဈေးထွက်တဲ့ ဈေးသည်တွေကိုတော့ စည်ပင်က ဈေးဆိုင်တွေ ပိတ်သိမ်းခိုင်းတယ်လို့လည်း သိရပါတယ်။

မြို့ခံတစ်ဦးက “ကိုဗစ်စည်းကမ်းနဲ့အညီ ပခုက္ကူမှာ ကန့်သတ်ထားတဲ့ ၁၀ နာရီကနေ ၄ နာရီမထွက်ရ အမိန့်ဖြုတ်လိုက်ပြီလို့ သိရတယ်။ ဒါပေမယ့် မြို့မဈေးက စည်းသည်တွေကိုတော့ စည်ပင်က အတင်းအကြပ် ပိတ်ခိုင်းပြီးတော့ အိမ်ပြန်ခိုင်းတယ်။ အခု နေ့ခင်းပိုင်းတော့ လမ်းပေါ်မှာ သွားလာနေကြတယ်။ အရင်ကဆိုရင် လမ်းပေါ်မှာ လူတစ်ယောက်မှမရှိဘူး၊ စစ်သားနဲ့ ရဲတွေချည်းရှိတာ၊ မြို့ထဲဝင်ရင်လည်း ငွေညှစ်ခံရသေးတယ်။ နေ့ခင်း မထွက်ရအမိန့်က အခုမှသာ ရုပ်သိမ်းလိုက်တာပါ။ အစကတည်းက ဒီအမိန့်ထုတ်စရာဘာအကြောင်းမှမရှိဘူး။ အခု ရုပ်သိမ်းတော့လည်း ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်ဖွင့်ပေးတယ်လို့ ပြောသေးတယ်၊ ကိုဗစ်နဲ့ သူတို့ထုတ်ထားတဲ့အမိန့်နဲ့ ဘာမှမဆိုင်ဘူး” လို့ ပြောပါတယ်။

ပခုက္ကူ မြို့နယ်ကုန်သည်ပွဲစားများအသင်း (ကုန်စည်ဒိုင်) ကိုတော့ နိုဝင်ဘာ ၄ ရက်နေ့ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းက သိရပါတယ်။

ကုန်သည်တစ်ဦးက “ပခုက္ကူကုန်စည်ဒိုင်က ကိုဗစ်စကတည်းက နိုဝင်ဘာလကုန် လောက်ကနေ ပိတ်ရပါတယ်။ ကုန်စည်ဒိုင်ထဲမှာမရောင်းရပါဘူး သူ့နေရာကိုယ့်နေရာပဲ သူ့အိမ်ကိုယ့်အိမ် သူ့ပွဲရုံ ကိုယ့်ပွဲရုံတွေမှာ ရောင်းကြရတယ်။ အတော်လေးဒုက္ခများပါတယ်။ တောင်သူလည်း ဒုက္ခများတယ်၊ ပွဲစားကုန်သည်လည်း ဒုက္ခများပါတယ်။ ကုန်စည်ဒိုင်မှာက ကိုယ့်ပွဲရုံမှာရှိတဲ့ ကုန်တွေရဲ့ နမူနာတွေကိုယူလာပြီး ဈေးဆိုင်ကြတယ်၊ ပေါက်ဈေးနဲ့ပေါ့။ ပြီးတော့မှ အရောင်းအဝယ်တည့်ရင် ကိုယ့်ပွဲရုံဆီကိုခေါ်သွားရုံပဲ၊ ရောင်းလက် ဝယ်လက်ဆုံပြီး ရောင်းလို့ဝယ်လို့ရတဲ့နေရာပေါ့။ အဲ့လိုမဟုတ်ပဲ ကိုယ့်ပွဲရုံမှာ ကိုယ်ရောင်းရတော့ ကုန်စည်ဒိုင်ဖွင့်ထားသလောက် အရောင်းအဝယ်မကောင်းဘူးပေါ့” လို့ ပြောပါတယ်။

ကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ကုန်စည်ဒိုင်အတွင်းကို မနက် ၈ နာရီမှ မနက် ၁၁ နာရီခွဲအတွင်းမှာသာ အသင်းနဲ့ ကိုယ်စားလှယ်တစ်ဦးချင်းကို အရောင်းအဝယ်ပြုလုပ်ခွင့်ပြုမယ်လို့ သိရပါတယ်။

ပခုက္ကူ ကုန်စည်ဒိုင်ကို ကိုဗစ် စတင်ဖြစ်ပွားတဲ့ ၂၀၂၀ နိုဝင်ဘာ လကုန်လောက်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး စစ်အာဏာ မသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးချိန်မှာ ပြန်ပိတ်ထားတာပါ။ပခုက္ကူမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ရအမိန့်ကိုတော့ ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။ နေ့ခင်း အိမ်အပြင် မထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ စာထွက်ထားပေမယ့်  အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က ကားတွေ၊ လက်နက်ကြီးတွေနဲ့ မြို့ထဲကို လှည့်လည်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013