DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြသူ အာမခံဖြင့် ပြန်လွတ်
DVB
·
January 6, 2014
ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြသူ အာမခံဖြင့် ပြန်လွတ်
Donate to DVB

ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်လို့ ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရတဲ့ ဦးသာချိုကို ပျဉ်းမနား ရဲစခန်းက ဇန်န၀ါရီလ ၆ ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဦးကျော်မိုးဇော်(ခ) ဦးသာချိုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်မှာ လွတ်လပ်ရေးနေ့က ပထမဆုံးအကြိမ် ခွင့်ပြုမိန်မရဘဲ တကိုယ်တော် ဆန္ဒပြခဲ့လို့ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ိနာသအမဦေးသာချိုရဲ့အမှုအခြေအနေနဲ့ ပတ်သက်ပြီး ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က “ဦးသာချိုကိုတော့ အမှုစစ်အနေနဲ့ စခန်းမှူးက စစ်ဆေးနေတုန်းပဲ မပြီးသေးဘူး။ တခါတည်းပြီးအောင် စစ်နေတာပါ။ ဒီအမှုက ပုဒ်မ ၁၈ ဆိုတဲ့အမှုက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရဆိုရင် ၃ နှစ်အောက် ပြစ်ဒဏ်ကျခံရမယ့် အထူးဥပဒေအကုန်လုံးက အာမခံပေးရမယ့် ပုဒ်မတွေပေါ့။ ဥပဒေနဲ့ အညီပေးတာပါ။ သူ့ကို စစ်ပြီးလို့ သူအပြင်ထွက်လာရင် ခံဝန်ချုပ်မယ်။ အာမခံတဲ့ သူတွေကလည်း ခံဝန်ချုပ်ပြီးတော့ အာမခံနဲ့ ပေးမှာပေါ့။ အမှုကတော့ ဆက်ဖြစ်မှာပေါ့”လို့ ပြောပါတယ်။

ဦးသာချိုဟာ လွတ်လပ်ရေးနေ့မှာ ဆန္ဒထုတ်ဖော်ခြင်းမပြုပါဘူးလို့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားကြောင်း နေပြည်တော်ကောင်စီ တာဝန်ရှိသူက မီဒီယာတွေကို ပြောဆိုခဲ့တာကိုလည်း မမှန်ကန်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာက ပေးပို့တဲ့ ဆန္ဒထုတ်ဖော်ခွင့် မပြုကြောင်းနဲ့ စာရွက်စာတမ်းတွေကို လက်ခံရရှိကြောင်းကိုပဲ လက်မှတ်ရေးထိုးခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသာချိုက “လက်မှတ်ထိုးတာတယ်ဆိုတဲ့ ကိစ္စကို ကျနော်ရှင်းမှာ။ နေပြည်တော် ကောင်စီရုံးကို ခေါ်ယူညှိနှိုင်းခဲ့ပြီး လွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် ခွင့်မပြုကြောင်း၊ ကာယကံရှင်ကလည်း ဆန္ဒထုတ်ဖော်ခြင်းပြုမှာ မဟုတ်ကြောင်း လက်မှတ်ရေးထိုးထားကြောင်း ပြောထားတယ်ဗျာ အမှန်က ကျနော်က စာပေးစာယူရရှိကြောင်း လက်မှတ်ထိုးတာဗျ။ ဆန္ဒဖော်ထုတ်ခြင်း မပြုဘူးလို့ လုံးဝ လက်မှတ်မထိုးပါဘူး” လို့ ဆိုပါတယ်။

ဦးသာချိုဟာ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ဆန္ဒပြလမ်းလျှောက်ဖို့အတွက် ခွင့်ပြုမိန့် တောင်းခံခဲ့ပေမယ့် လွတ်လပ်ရေးနေ့ ဖြစ်တာကြောင့် သက်ဆိုင်ရာက ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့် ဦးသာချိုဟာ ဇန်န၀ါရီ ၄ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးဖို့၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့နဲ့ နေပြည်တော် ကောင်စီကို ရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးဖို့ စတဲ့ အချက်သုံးချက် တောင်းဆိုပြီး တကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာပါ။

ဦးသာချိုဟာ ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဖြစ်ပေမယ့် လွတ်လပ်ရေးနေ့က ဆန္ဒပြ ဖော်ထုတ်ပွဲကိုတော့ အဖွဲ့ချုပ်အနေနဲ့ မဟုတ်ဘဲ မိမိ တဦးတည်းသဘောနဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013