DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓ ပုံစံတူဝတ်စားဆင်ယင်ခဲ့သည့် ထိုင်းမော်ဒယ် အရေးယူခံရဖွယ်ရှိ
DVB
·
November 2, 2021
ဗုဒ္ဓ ပုံစံတူဝတ်စားဆင်ယင်ခဲ့သည့် ထိုင်းမော်ဒယ် အရေးယူခံရဖွယ်ရှိ
Donate to DVB

အောက်တိုဘာ ၃၁ ရက် Halloween နေ့မှာ လူတွေက သရဲသဘက်လိုပုံစံအမျိုးမျိုး ဝတ်ဆင်ပြီး တစ်ဦးနဲ့တစ်ဦး ကျီစယ်စ နှောက်ခဲ့ကြပေမယ့် ထိုင်းနိုင်ငံက နာ့သ်နိဆာမဏီး လို့ခေါ်တဲ့ ဖက်ရှင်ဒီဇိုင်းမော်ဒယ် မိန်းမလျာတစ်ယောက်ကတော့  တမူထူးကာ ဗုဒ္ဓဘုရားလို ဝတ်စားဆင်ယင်ခဲ့တဲ့အတွက် ထိုင်းပြည်သူတွေရဲ့  ဝေဖန်ခံနေရသလို သက်ဆိုင်ရာရဲ့ အရေးယူခံရဖွယ် ရှိနေပါတယ်။ 

သူဟာ ကတုံးတုံး၊ သင်္ကန်းရောင်ဝတ်ဆင်ပြီး ကြာပန်း ကိုင်ဆောင် ထားတဲ့ပုံ၊ အမိုက်စား/အပျံစားလို့ အဓိပ္ပါယ်ရတဲ့ ထာ့ချ် စာတန်းပါ ယပ်တောင်ကိုင်ပုံ၊ ဗုဒ္ဓ ဦးသျှောင်လို ဆောင်းပြီးကြာပန်းကိုစီးကာ ကောင်းကင်ပေါ်ဈာန်ကြွနေပုံတွေတင်ထားပြီး “တဦးနဲ့ တဦး အမြင်မတူတာတွေရှိနိုင်ကြောင်း၊ တစုံတရာကို ပညာအနေနဲ့ ကြည့်ရင် ပညာရပြီး ပြဿနာ အနေနဲ့ကြည့်ရင် ပြဿနာရမယ်” ဆိုတဲ့ စကားလုံးနဲ့  သူ့ရဲ့လူမှုကွန်ရ က်ပေါ်မှာ တင်ခဲ့ပါတယ်။ 

အဆိုပါပုံကိုတင်လိုက်ပြီးတဲ့နောက် လူမှုကွန်ရက်မှာ ဆဲဆိုဝေဘန်မှုတွေမြင့်တက်နေပေမယ့်  သူကတော့ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားလိုတဲ့သဘောနဲ့ လုပ်တာမဟုတ်ဘဲ ဗုဒ္ဓကိုလေး စားတဲ့အနေနဲ့ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း၊ အဲလိုလုပ်ခြင်းအားဖြင့် ဗုဒ္ဓရဲ့ သွန်သင်ဆုံးမ မှုတွေကို မထိခိုက်ကြောင်း၊ သူဟာ ဗုဒ္ဓပုံစံတူ ဆင်ယင်ပုံမက ကွန်ရင်မယ်တော်၊ ယေရှုသခင်ပုံ၊ ဗိဿနိုးနတ်ပုံတွေလည်း ဆင်ယင်ထုံးဖွဲ့ခဲ့တာပဲလို့ ပြန်ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး နွန်ထပူရီခရိုင် ဝပ်ဆွန်ကျောက်ကျောင်းတိုက်ဆရာတော် ဖရဖယွန်း ကလျာနိုကတော့ - မျက်မှောက်ခေတ်မှာ ဘာသာရေးကို လွဲမှားစွာဆောင်ရွက်နေတာတွေ ရှိလာ ကြောင်း၊ ဗုဒ္ဓပုံစံကိုဖက်ရှင်လိုလုပ်တာဟာ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်တွေရဲ့ နှလုံးသားကို နာကျင်အောင်ဆွလိုက်တဲ့ လုပ်ရပ်၊ စော်ကားတဲ့ လုပ်ရပ်ဖြစ်လို့ လုံးဝလက်မခံနိုင်ကြောင်း၊ လောကကြီးမှာ တုပတီထွင်စရာတွေ သိန်းသောင်းနဲ့ချီရှိ နေတဲ့ထဲ ဘာကြောင့်ဘုရားပုံစံ လုပ်ရတာလဲ၊ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာ လုပ်တော့  လူအများရဲ့ကျိန်ဆဲမှု ကျိန်စာတိုက်မှုအောက်မှာ တိုးတက်တဲ့ဘဝကိုမရဘဲ နိမ့်ကျတဲ့ဘဝ ကိုသာရမယ်လို့ သတင်း ထောက်တွေကို ပြောပါတယ်။

ထိုင်းသာသနာရေးဝန်ကြီးဌာန ဘာသာရေး ယဉ်ကျေးမှုနဲ့အနုပညာ ဗဟိုကော်မတီ  ဒုဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ နိုင်းဖစ်ချဝပ် ဝပ်ထနဖုန်းဆီရိကွန်းကတော့ မော်ဒယ်နာ့သ်နိဆာမဏီးကို ဌာနမှာလာရောက်ဖြေရှင်းချက်ထုတ်ဖို့ ဆင့်ခေါ်ထားကြောင်း နိုဝင်ဘာ ၁ ရက်နေ့က ပြောပါတယ်။ 

သူ့လုပ်ရပ်ဟာ ဘာသာသာသနာအပေါ်ဘယ်လိုထိခိုက်စေသလဲဆိုတာ စုံစမ်း စစ်ဆေးပြီး ကနဦးအနေနဲ့တော့ အစစ်အမှန်မဟုတ်တဲ့ ဝတ်စုံတုပမှု ၊ ဥပမာ ရဲမဟုတ်ဘဲ ရဲဝတ်စုံ ဝတ်တာ၊ ဆရာဝန်မဟုတ်ဘဲ ဆရာဝန်ဝတ်စုံဝတ်တာ၊ အတုအယောင်လုပ်ဆောင်တာတွေဟာ ပုဒ်မ ၂၀၈ နဲ့ညိစွန်းပြီး ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂၀၀၀  ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမယ်လို့ ပြောသွားပါတယ်။ ကိုးကား - https://www.facebook.com/photo?fbid=438645060956757&set=pcb.438645090956754

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013