DVB Logo
Home
မြန်မာသတင်း
မြောင်တွင် စစ်တပ်နှင့်PDF မဟာမိတ်များ တိုက်ပွဲဖြစ်၊ မြင်းမူက မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရ
DVB
·
October 31, 2021
မြောင်တွင် စစ်တပ်နှင့်PDF မဟာမိတ်များ တိုက်ပွဲဖြစ်၊ မြင်းမူက မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရ
Donate to DVB

စစ်ကိုင်တိုင်း မြောင်မြို့နယ် တောင်ပိုင်းမှာ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူကာကွယ်ရေးမဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။‌

မြောင်ဒေသခံခေါင်းဆောင် ဗိုလ်တိုက်ဂါးက “ဒီကောင်တွေက အပြစ်မဲ့ပြည်သူတွေရှိတဲ့ ကျေးရွာတွေထဲဝင်လာရင်  သေနတ်နဲ့ ပစ်ဖောက်လာတယ်။ ဒီနေ့ဆို လက်နက်ကြီးအချက် ၂၀ လောက်ပစ်တယ်။ အော်တိုသေနပ်တွေ ကတော့ အချက်ရေ မရေတွက်နိုင်ဘူးဗျ။ အဲလိုတွေလုပ်တော့ ကျနော်တို့အဖွဲ့တွေက ရွာသားတွေကို သွားကယ်ထုတ်လာရင်း တိုက်ပွဲဖြစ်ရတာ‌ဗျ။ ကျနော်တို့ဘက်က တစ်ယောက်ထိခိုက်ဒဏ်ရာရတာရှိတယ်ဗျ။ သူတိုဘက်ကတော့ တစ်ယောက်ကျမယ်။ ၄ ယောက်ပြင်းထန်ဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေအတွင်းကို ဝင်ရောက်ရှာဖွေတာတွေ နေစဉ်လုပ်ဆောင်နေတာတွေလုပ်တာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့ဘက်ကနေ မုံရွာဘက်ကိုသွားတဲ့ ‌စစ်ကောင်စီ ယာဉ် ၅ စီးကို အောက်တိုဘာ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက် အလ္လကပ္ပကျေးရွာ နဲ့ ဝမ်းပြည့်ကျေးရွာ ကြားမှာ ညီနောင်မဟာမိတ် ၆ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေကို လူနာတင်ကား နှစ်စီးနဲ့ သယ်သွားကြောင်း၊ မဟာမိတ် ၆ ဖွဲ့ကတော့  အထိအခိုက် အကျအဆုံး မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းအတွင်း အခုလိုမိုင်းဆွဲတိုက်ခိုက်ခံရပြီး အကျအဆုံး များနေတာကြောင့် စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ အပြင်းအထန်ပြုလုပ်ပြီး ကျေးရွာတွေအတွင်းက အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို မီရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ် သာယာပေါင်းရွာနဲ့ လက္ကပင်ရွာကြား မိုင်တဲတာဝါတိုင်ကို အောက်တိုဘာ ၂၉ ရက်‌ နေ့လယ် ၂ နာရီကျော်လောက်က မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေ ပူပေါင်းပြီး မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Black Eagle Defense Force၊ Myin Mu Defence Force ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ People Defence Force Myinmu၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၊ Myaung Women Warriors-M2W၊ Myaung Union Army နဲ့ Myaung Special People’s Defense Force မဟာမိတ် ၈ ဖွဲ့ ပူးပေါင်းပြီး မိုင်ဆွဲဖျက်ဆီးခဲ့တာလို့ မြောင်ပြည်သူကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ထုတ်ထားပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ရဲကင်းစခန်းနှစ်ခုကိုလည်း မဟာမိတ် ၈ ဖွဲ့က မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013