DVB Logo
Home
မြန်မာသတင်း
လက်ရှိနိုင်ငံရေးအားပြိုင်မှုများက ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိနိုင်
DVB
·
January 5, 2014
လက်ရှိနိုင်ငံရေးအားပြိုင်မှုများက ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိနိုင်
Donate to DVB

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖွဲ့စည်းပုံအငြင်းပွားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေနဲ့ အားပြိုင်မှုတွေက ၂၀၁၅ ရွေးကောက်ပွဲကို သက်ရောက်မှု ရှိလာနိုင်တယ်လို့ ဆရာဦးကျော်ဝင်းက ပြောပါတယ်။

စာရေးဆရာဦးကျော်ဝင်းက ကုန်သည်စက်မှုအသင်းချုပ်မှာ ဇန်န၀ါရီ ၄ ရက်နေ့က ပြုလုပ်တဲ့ ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

1525645_10152186672088594_1454390785_n“၂၀၁၄ ကို လက်ဆင့်ကမ်းမယ့်သဘော ရှိပါတယ်။ ဒီပြဿနာ ၃ ရပ် ဘယ်လိုဖြေရှင်းကြမလဲ။ ယေဘုယျ ခေတ်စားနေတဲ့ နည်းတနည်းနဲ့ ပြောရင် ထိပ်တိုက်ယှဉ်ပြိုင်ရင်းနဲ့ အဖြေရှာကြပါ။ စိတ်ဓာတ်ညှိနှိုင်းခြင်းနဲ့ အဖြေရှာကြပါ။ ၂၀၁၄ ထဲမှာ တစုံတရာ အဖြေပေါ်ကောင်းပေါ်သွားနိုင်တယ်။ အဲဒီအဖြေကို မူတည်ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ free & fair ဖြစ်မဖြစ် စကားပြောမှာ ဖြစ်ပါတယ်။”

နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဟောပြောခဲ့ပြီး နိုင်ငံရေး စိတ်ဝင်စားသူတွေ၊  စီပွားရေးလုပ်ငန်ရှင်တွေအပြင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့ပါတယ်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

ဦးလှမောင်ရွှေက “အများစုက ချက်ချင်းကြီးဖြစ်စေချင်တယ်။ ကျနော်တို့ထင်တယ်။ ဒီတခါ ရလဒ်က ကောင်းမယ်လို့ ထင်တယ်။ အဲဒါပြီးသွားရင် မူကို နှစ်ဖက်သဘောတူညီမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက်  framework မူဘောင်တခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ ပစ်မှတ်ကတော့ ဖြစ်နိုင်ဖွယ်ရှိရင်၊ အစစအရာရာ အဆင်ပြေမယ်ဆိုရင်၊ ဇန်န၀ါရီလထဲမှာ လေးဝါးနဲ့ ဘားအံ ဆွေးနွေးပွဲရှိမယ်။ ဒါပြီးရင် ဖေဖော်ဝါရီလထဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ထားတယ်။ ဧပြီ၊ မေလလောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စလုပ်နိုင်မယ်လို့ ထင်ပါတယ်။”

တိုင်းပြည် နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုတက်ဖို့အတွက် ဆောင်ရွက်သွားသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ ဟောပြောသွားခဲ့တဲ့အတွက် မှတ်သားနာယူခွင့်ရတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ရှေ့နိုင်ငံရေး အလားအလာ၊ ငြိမ်းချမ်းရေး အလားအလာ၊ နောက်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရန် ရှောင်ရန်တွေ၊ တကယ်ကြိုးစားပြီးတော့မှ ဘယ်လို compromise လုပ်ပြီးတော့မှ ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုဆောင်ရွက်သွားတယ်ဆိုတာလေးတွေကို မှတ်သား နာယူခွင့်ရတယ်။ ဒါ အင်မတန်ကောင်းပါတယ်။”

ဟောပြောပွဲအပြီးမှာတော့ ဆရာဦးကျော်ဝင်းက နိုင်ငံကို အုပ်ချုပ်နေတဲ့ လူတွေရဲ့ အထွေထွေပွတ်တိုက်မှုတွေကနေ ဂိုဏ်းဂဏတိုက်ပွဲအထိ ရောက်မသွားဖို့ သတိပေး ပြောဆိုသွားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013