DVB Logo
Home
မြန်မာသတင်း
သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ကေအန်ယူအဖွဲ့တွေ့ဆုံ
DVB
·
January 5, 2014
သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ကေအန်ယူအဖွဲ့တွေ့ဆုံ
Donate to DVB

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တိုနဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်က တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

[caption id="attachment_49715" align="alignright" width="300"]သမ္မတနှင့်ကေအန်ယူအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်) သမ္မတနှင့်ကေအန်ယူအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်)[/caption]

“သမ္မတနဲ့ တွေ့တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စကိုလည်း တင်ပြဆွေးနွေးတယ်။ တိုင်းရင်းသားတွေဘက်က ကြိုးစားဆောင်ရွက်မှုတွေ၊ လာမယ့် ဖေဖော်ဝါရီအတွင်းမှာ တိုင်းရင်းသား ညီလာခံတခု ထပ်ပြီး ခေါ်မယ်၊ ဘားအံမှာလည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဖော်ရေး ကော်မတီ တွေ့ဆုံ မယ့် အခြေ အနေတွေ ဆွေးနွေး သွားတယ်” လို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီနေ့ န့လယ် ၂ နာရီလောက် နေပြည်တော်မှာ တွေ့ဆုံခဲ့ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စမှာ တိုင်းရင်းသားတွေဘက်က ကြိုးစားဆောင်ရွက်နေတာတွေကို ကျနော်တို့ဘက်က ဆွေးနွေးတယ်။ သူကလည်း ငြိမ်းချမ်းရေးဆိုတာ တကယ်လိုအပ်တယ်၊ သူအနေနဲ့ နောက်မဆုတ်တမ်းသွားရမှာပဲ၊ နိုင်ငံတော် ငြိမ်းချမ်းမှု ရှိမှာပဲ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး ပြောတယ်။”

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အပေါ်လည်း ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“နားလည်မှုလည်း ပိုရှိလာတယ်။ ပွင့်ပွင့်လင်းလင်းလည်း သူ့အမြင်၊ ကိုယ့်အမြင် တင်ပြနိုင်လာတယ်။ တွေ့ဆုံမှုရှိလေ အမြင်တွေ၊ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ ပိုရလာတာပေါ့။ လွန်ခဲ့တဲ့ အချိန်တွေထက်စာရင်တော့ အပစ်မရပ်ခင်နဲ့ အပစ်ရပ်ပြီးနောက် ရှေ့ဆက်သွားဖို့က ပိုပြီး နီးစပ်သွားတာပေါ့။ ငြိမ်းချမ်းရေးဆိုတာကလည်း တရားမျှတမှုအပေါ် အခြေခံတယ်။ လိုအပ်မှု ရှိတာက တည်ဆောက်ယူရမှာပေါ့၊ အသေအချာ စဉ်းစားဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။”

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကတော့ ကေအန်ယူအဖွဲ့ဟာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လေးကြိမ်ဆီ တွေ့ဆုံခွင့်ရတာဟာ တိုင်းရင်းသားအဖွဲ့တွေထဲမှာ တဖွဲ့တည်းရှိသေးတယ်လို့ ပြောပါတယ်။

“ကေအန်ယူနဲ့အစိုးရ တွေ့တာ လေးကြိမ်ရှိပြီ။ ၂၀၁၂ ခုနှစ်ကတကြိမ်၊ ၂၀၁၃ ခုနှစ်မှာ ၂ ကြိမ်၊ ၂၀၁၄ မှာ ပထမဆုံးအကြိမ်တွေ့တာ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ သမ္မတနဲ့ ၄ ကြိမ်တွေ့တယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ကြိမ်တွေ့တာ ဒီတဖွဲ့ရှိတယ်။”

ဒီနေ့ တွေ့ဆုံပွဲမှာ အစိုးရဘက်က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုဝန်ကြီး ဦးရဲထွဋ်၊ ငြိမ်းချမ်းရေး စင်တာက အကြံပေးတွေလည်း ပါဝင်ပါတယ်။

ကေအန်ယူဘက်က ဥက္ကဋ္ဌ မူတူးစေးဖိုး၊  အထွေအထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း၊ ကာကွယ်ရးဌာန ၀ာာဝန်ခံ ပဒို စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊  တပ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေပါဝင်ပါတယ်။

ဇန်န၀ါရီ ၄ ရက်နေ့ကလည်း ကေအန်ယူ အဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ၀န်ကြီးဦးအောင်မင်းတို့နဲ့  တွေ့ဆုံခဲ့ပါတယ်။

အခု ခရီးစဉ်အပြီးမှာ ကေအန်ယူ ထိန်းချုပ်ရာ ဘားအံခရိုင်အတွင်းက လောခီးလာမှာ ဒုတိယ အကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကို ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013