
မန်စီးတီးနောက်ခံလူ ဂျော့စကိုဂျီဗာဒီယိုလ်က နည်းပြသစ် အန်ဇိုမာရက်စ်ကာဟာ အသင်းအတွက် ပြီးပြည့်စုံတဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။
ဂျီဗာဒီယိုလ်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာပါ။ မာရက်စ်ကာဟာ လက်စတာကို ချန်ပီယံရှစ်ဖလားရအောင် စွမ်းဆောင်ခဲ့ဖူးပါတယ်။ ချဲလ်ဆီးနဲ့ လည်း ကလပ်ကမ္ဘာ့ဖလား ရခဲ့ဖူးပါတယ်။
သူဟာ ၁၀ စုနှစ်တခုကြာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပက်ဂွါဒီယိုလာရဲ့နေရာကို ဆက်ခံတာ ပါ။ စနေနေ့က အင်တာမီလန်နဲ့ ခြေစမ်းပွဲမှာ ပထမဆုံး ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြသစ် မာရက်စ်ကာမှာ အရည်အသွေးရှိသလို အိုင်ဒီယာအသစ်တွေလည်း ရှိတယ်လို့ ဂျီဗာဒီယိုလ်က ဆိုပါတယ်။
နည်းပြပြောင်းလဲတာဟာ အချိန်ယူရမှာပါ။ ကစားသမားတွေအနေနဲ့ အမြန်ဆုံး လိုက်လျော ညီထွေ ဖြစ်အောင် ကူညီပေးရမယ်လို့ သူက ပြောပါတယ်။
နည်းပြ ပက်ဂွါဒီယိုလာ ထွက်ခွာသွားတာဟာ စောစောပြောရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာ ကြောင့် အချိန်ကိုက်ပါပဲလို့ ဂျီဗာဒီယိုလ်က မှတ်ချက်ပေးခဲ့ပါတယ်။
Photo: Reuters










