DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများပြန်ဖွင့်ရန် စစ်ကောင်စီက စီစဉ်နေသော်လည်း ကျောင်းသားမိဘအများစုက ကလေးငယ်များကို ကျောင်းမတက်စေလို
DVB
·
October 29, 2021
စာသင်ကျောင်းများပြန်ဖွင့်ရန် စစ်ကောင်စီက စီစဉ်နေသော်လည်း ကျောင်းသားမိဘအများစုက ကလေးငယ်များကို ကျောင်းမတက်စေလို
Donate to DVB

စစ်ကောင်စီက  မြို့နယ် ၄၀ ကျော်ကလွဲလို့  နိုင်ငံတဝန်းမှာ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေပေမဲ့ ကျောင်းထားဖို့ ဆန္ဒမရှိဘူးလို့ မိဘအများစုက ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့ နယ် ၄၀ ကျော်ကလွဲလို့ တနိုင်ငံလုံးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အပါအဝင် အခြေခံပညာဦးစီးဌာနက ကျောင်းတွေအားလုံးကို ပြန်ဖွင့်ဖို့ စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတာပါ။

“သွားမတက်ခိုင်းပါဘူး။ ဒီမတိုင်ခင် ဖွင့်တုန်းကလည်း မအပ်ခဲ့ဘူး။ ခုက အချိန်လည်း မရှိတော့ဘူးလေ။ ကျောင်းတက်လည်း ဘာမှ တတ်မှာ မဟုတ်ဘူး" လို့ ရန်ကုန်မြို့နေ ကျောင်းသား မိခင်တယောက်က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မိဘတယောက်ကလည်း “မတက်ခိုင်းပါဘူး။ ဒီလောက် ခေတ်အခြေအနေ ဆိုးနေတာကို။ မဖြစ်မနေ ပုံစံ အကျပ်ကိုင်လာရင်လည်း ကျန်းမာရေးအကြောင်းပြပြီး မတက်ဘဲနေရမှာပေါ့” လို့ ပြောပါတယ်။

ကိုဗစ်နဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြင်ဆင်တာ မရှိဘဲ အခုလို. ကျောင်းတက်ခိုင်းတယ်ဆိုတာက မဖြစ်သင့်ဘူးလို့လည်း ကျောင်းသား မိဘ တချို့ က ပြောပါတယ်။

လားရှိုးဒေသခံတယောက်က “ဘာကြောင့်လဲဆိုတော့ သူတို့က ပုံမှန်အခြေအနေ ရှိနေတယ်လို့ နိုင်ငံတကာကို ပြချင်တာ။ ပြီးတော့ ကလေးတွေကို ကျောင်းတက်ခိုင်းသင့်လာဆို မတက်ခိုင်းသင့်ဘူးပေါ့။ ကိုဗစ်ကလည်း ပြန်ဖြစ်နေတယ်လေ။ ကလေးတွေအတွက် အဆင်မပြေနိုင်ဘူး" လို့ ပြောပါတယ်။

အခုလို ကျောင်းတွေ ပြန်ဖွင့်မယ် ဆိုတာဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးကိစ္စတွေကို အာရုံပြောင်းဖို့ဖြစ်နိုင်တယ်လို့လည်း တချို့က ယူဆပါတယ်။ ကျောင်းသူကျောင်းသားတွေကြောင့် မြို့ပြ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီ တပ်သားတွေအတွက် အကာအကွယ်ဖြစ်နိုင်တာကြောင့် ကျောင်းတွေ မတက်သင့်ဘူးလို့လည်း ကျောင်းဆရာ တယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်တချို့ က မိဘတွေကို မေးမြန်းကြည့်ရာမှာတော့ ကျောင်းပြန်တက်ခိုင်းကြမယ်လို့ ပြောကြပါတယ်။

“နယ်က ကျဉ်းတယ်။ မတက်ရင် ဘာကြောင့်လဲ ဆိုတာကလာဦးမယ်။ သူများတွေ အခြေအနေကို ကြည့်ရမှာပေါ့။ ဒီမှာက ဘာမှလည်း ဖြစ်တာ မရှိတော့လည်း ပြောရခက်တယ်” လို့ မိဘတယောက်က ပြောပါတယ်။

အစောပိုင်းက ကိုဗစ်ကာလမှာ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ခဲ့ရာမှာလည်း ရခိုင်ပြည်နယ်မှာ ကျောင်းသား အများအပြား ပြန်တက်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013