DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ဇနီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုမည်
DVB
·
October 29, 2021
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ဇနီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုမည်
Donate to DVB

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ ရွှေချောင်းနဲ့ ဒေါ်လာတွေရယူထားတယ်ဆိုတဲ့  အဂတိမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် နိုဝင်ဘာ ၅ ရက်နေ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က တရားလို ပြသက်သေအဖြစ် ထွက်ဆိုသွားဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှုလေးမှုထဲက နံပတ် ၂ အမှုဖြစ်တဲ့ ရွှေချောင်းနဲ့ဒေါ်လာတွေရယူထားတယ်ဆိုတဲ့ အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၁ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စွဲရဲ့ စွဲချက်မှန်ကန်ကြောင်း ထွက်ဆိုထားပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံကိုစွဲဆိုထားတဲ့ အဂတိအမှု ၄ မှုထဲက ၂ မှုကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကိုတော့ နိုဝင်ဘာ ၅ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာ အမှုနံပတ် ၃နဲ့ ၄ ကိုစစ်ဆေးခဲ့ပြီး နေပြည်တော် စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို အဓိကစစ်မေးခြင်းဆောင်ရွက်ခဲ့ပါတယ်။

ဦးစိုးနိုင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေတွေ အပြန်အလှန်စစ်မေးခြင်းကိုတော့ နောက်ရုံးချိန်း နိုဝင်ဘာ ၅ ရက်နေ့မှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အမှုနံပတ် ၃ နဲ့ ၄ ကို စစ်ဆေးနေရတဲ့အတွက် အမှုနံပတ် ၂ နဲ့ ၅ကိုတော့ ဒီနေ့မှာ စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ အမှုအားလုံးကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှု ၄ မှုအပါအဝင် စုစုပေါင်းအမှု ၁၁ မှုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။

Photo Credit- ChiefMinisterOffice

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013