DVB Logo
Home
မြန်မာသတင်း
အောင်လံလွှင့်ချီနွေဦးထီ စနစ်သစ်တွင် ကြိုတင်ငွေလွှဲစနစ်ဖြင့် ထိုးနိုင်မည်
DVB
·
October 29, 2021
အောင်လံလွှင့်ချီနွေဦးထီ စနစ်သစ်တွင် ကြိုတင်ငွေလွှဲစနစ်ဖြင့် ထိုးနိုင်မည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စမ်းသပ်ရောင်းချခဲ့တဲ့ အောင်လံလွှင့်ချီနွေဦးထီရဲ့ Pilot project ဟာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ခုတခါမှာတော့ ပုံစံအသစ်နဲ့ ရောင်းချမှု မကြာခင်မှာ စတင်ဖို့ရှိနေပါတယ်။

နွေဦးထီ စနစ်သစ်မှာတော့ လုံခြုံရေးကိုအထူးဂရုပြုထားပြီး ထီလက်မှတ်ဝယ်ယူရာမှာ အရင်က pilot project နဲ့ ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account (သို့မဟုတ်) Wave Pay, KBZ Pay, True Money Agent တွေကတဆင့် ဝယ်ယူမယ့် ထီစောင်ရေ ကျ သင့်ငွေအတိုင်း password နဲ့ ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ထီကိုတော့ မနက် ၁၀ နာရီကနေ ည ၁၀ အထိဖွင့်လှစ်ရောင်းချမှာဖြစ်လို့ အရင်လို ခဏ လေးနဲ့ ထီလက်မှတ်ကုန်သွားတာမျိုး ရှိတော့မှာမဟုတ်တဲ့အပြင် ထီလက်မှတ် ရရှိရာမှာ လည်း ပိုမိုမြန်ဆန်သွားမှာ ဖြစ်ပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့ တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲ သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ် ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွား မယ်လို့ ခြိမ်းခြောက်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013