DVB Logo
Home
နိုင်ငံတကာ
အီရန် တိုက်ခိုက်မှုကို ပင်လယ်ကွေ့နိုင်ငံများ ကြားဖြတ်ဟန့်တား 
DVB
·
July 12, 2026
Photo: REUTERS/Amr Alfiky
Photo: REUTERS/Amr Alfiky
Donate to DVB

ပင်လယ်ကွေ့နိုင်ငံတချို့ တိုက်ခိုက်ခံရပြီးတဲ့နောက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ လေကြောင်း ကာကွယ်ရေးစနစ်တွေက ဒုံးကျည်ခြိမ်းခြောက်မှုကို တုံ့ပြန်နေတယ်လို့ UAE ကာကွယ်ရေးဝန်ကြီး ဌာနက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။ 

UAE အစိုးရက သူ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာ အီရန်နိုင်ငံဆီက ဒုံးကျည်တွေ ဒရုန်းတွေကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဘာရိန်းနိုင်ငံမှာ သတိပေးဥသြသံတွေ မြည်ဟိန်းနေချိန်မှာ ကာတာနိုင်ငံက သူ့ကို ဒုံးကျည်နဲ့တိုက်ခိုက်မှုကို ကြားဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ 

ကူဝိတ်လေပိုင်နက်ထဲ ရောက်လာတဲ့ “ရန်လိုတဲ့ လေထဲက ပစ်မှတ်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ကြားဖြတ်နိုင်ခဲ့တယ်”လို့ ကူဝိတ် အစိုးရက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၁၂ ရက်က ကွန်တိန်နာ သင်္ဘောတစင်း တိုက်ခိုက်ခံရပြီးတဲ့နောက် အမေရိကန်က အီရန်အပေါ် အသစ် စတင်တိုက်ခိုက်ချိန်မှာ ကူဝိတ်အစိုးရက X လူမှု ကွန်ရက်ပေါ်မှာ ကြေညာခဲ့တာပါ။

အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ထပ်ပိတ်လိုက်ပြီး ပင်လယ်ကွေ့ဒေသက အမေရိကန်ရဲ့ အခြေခံ အဆောက်အအုံတွေကို တိုးမြှင့်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဟော်မုဇ် ရေလက်ကြားကို လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာတဲ့ အရပ်ဘက် ရေကြောင်းသွားလာသူတွေနဲ့ စီးပွားဖြစ်သင်္ဘောတွေအပေါ် တိုက်ခိုက်နိုင်စွမ်းကို လျော့ကျစေဖို့ အမေရိကန်တပ်ဖွဲ့တွေက အီရန်ကို ၃ ညတာ တိုက်ခိုက်ခဲ့တာပါ။

အီရန်စစ်ဘက်ပစ်မှတ် ၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အီရန်စစ်ဘက်ပစ်မှတ် ၁၄၀ ကို ထိမှန်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်း ကွပ်ကဲရေးဌာနက ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။

ဆိပ်ကမ်းမြို့ အများအပြားမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပါတယ်။ 

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အီရန် တော်လှန်ရေးအစောင့်တပ်က ဇူလိုင် ၁၂ ရက်မှာ အမေရိကန်ရဲ့ မဟာမိတ် ဂျော်ဒန်နိုင်ငံက အခြေစိုက်စခန်းတခုမှာရှိတဲ့ ကွပ်ကဲ ထိန်းချုပ်ရေးစင်တာနဲ့ ဒရုန်းဂိုဒေါင်တခုကို ဖျက်ဆီးခဲ့ပါတယ်၊ 

အီရန်စစ်တပ်က ကူဝိတ်နိုင်ငံက အမေရိကန် စစ်ဘက်ရေဒါစခန်းကို ပစ်မှတ်ထားခဲ့သလို၊ အိုမန်နိုင်ငံက အမေရိကန်လေယာဉ်တင်သင်္ဘော ထောက်ပံ့ရေးနဲ့ လောင်စာဆီဖြည့်တင်းရေး ပလက်ဖောင်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ကာတာနိုင်ငံက တိုက်လေယာဉ် ပြုပြင် ထိန်းသိမ်းရေးစင်တာနဲ့ ကွပ်ကဲထိန်းချုပ်ရေးစင်တာတခုကို ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။ 

စစ်ပွဲဟာ ပင်လယ်ကွေ့ဒေသကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ထားခဲ့ပါတယ်။

ဒါကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကို ပိုဆိုးရွားစေလို့ စီးပွားရေး နှေးကွေးသွားမှာကို စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013