DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် စစ်ကောင်စီသတင်းပေး လင်မယား ပစ်သတ်ခံရ
DVB
·
October 28, 2021
မတ္တရာမြို့နယ်တွင်  စစ်ကောင်စီသတင်းပေး လင်မယား ပစ်သတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ သတင်းပေး ဒလန်လို့ နာမည်ထွက်နေတဲ့ လင်မယား အောက်တိုဘာ ၂၈ ရက် ဒီမနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးဖြူပင်ရွာက ဦးသန်းထွန်းတို့ လင်မယားဟာ ဒီနေ့ မနက် ၈ နာရီကျော်က တောလမ်းတနေရာမှာ သေနတ်နဲ့  ပစ်သတ်ခံရတာပါ။

“အခုအချိန်အထိတော့ အလောင်းလာမကောက်သေးဘူး။ တယောက်က ၃ ချက်၊ တယောက်က ၄ ချက် သေနတ်မှန်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဇီးဖြူပင်ရွာမှာ မကြာသေးခင်က စစ်တပ်ကဝင်စီးပြီး မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပစ်သတ်ခံရတဲ့ ဦီးသန်းထွန်းဟာ စစ်ကောင်စီတပ်တွေကို  သတင်းပေးခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၆ ရက်၊ ၁၇ ရက် ဇီးဖြူပင်ဘက်က စစ်ရှောင်စခန်းနဲ့ MSTF စခန်းကို ခလရ ၁၁၆ က ဝင်စီးတာမှာ သူတို့က နံပါတ် တစ်တရားခံပဲ။ ရွာထဲက အိမ်တွေကိုလည်း လက်ညိုးထိုး မီးရှို့ခိုင်းခဲ့တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဦးသန်းထွန်းတို့ လင်မယားကို ဘယ်အဖွဲ့အစည်းက ပစ်သတ်ခဲ့တာလဲဆိုတာကိုတော့ ကြေညာတာ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013