DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်အဖွဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်
DVB
·
January 4, 2014
၈၈ မျိုးဆက်အဖွဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်
1 / 3
Donate to DVB

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ တစောင်ထုတ်ပြန်လိုက်ပါတယ်။

ဒီသ၀ဏ်လွှာမှာ အခုအချိန်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အကဲဆတ်တဲ့ အခြေအနေ ဖြစ်ကြောင်း၊ တဖက်သတ်ရေးဆွဲ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနိုင်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေး ပြဿနာတွေ ကို နိုင်ငံရေးအင်အားစုတွေ အားလုံး တွေ့ဆုံ ဆွေးနွေးဖြေ ရှင်းဖို့ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ကျင်းပတဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြပါတယ်။

လွတ်လပ်ရေးနေ့နဲ့ ပတ်သက်ပြီးလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဂျင်မီက မြန်မာပြည်သူတွေ ကျွန်ဘ၀က လွတ်မြောက်တာမှန်ပေမယ့် တဦးချင်း လွတ်လပ်ခွင့်တွေရအောင် လုပ်ဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။

“ကျွန်ဘ၀က လွတ်မြောက်ခဲ့တာမှန်ပေမယ့် တဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မရသေးဘူးဆိုတာတော့ ရှင်းရှင်း ပြောရလိမ့်မယ်။ လွတ်လပ်ရေး အစစ်အမှန်ဆိုတာ ကျနော်တို့ နားလည်ထားတာကတော့ တိုင်းပြည် လွတ်လပ်ရေး ရရုံတင်မကဘူး၊ တပါး ကျွန်ဘ၀ လွတ်ရုံတင် မကဘူး၊ ဘယ်သူ့ကျွန်မှ အဖြစ်မခံဖို့ လိုတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် လူတိုင်းလူတိုင်းမှာ ရှိဖို့ လိုတယ်။ အဲဒါမရှိတဲ့ ကာလပတ်လုံးက လွတ်လပ်ရေး တကယ်ရတယ်လို့ ပြောမရပါဘူး။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းတွေဟာ ဒီကနေ့မနက် အဖွဲ့ချုပ်က ကျင်းပတဲ့ လွတ်လပ်ရေး အခမ်းအနား မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးအခြေအနေ မေးမြန်းခဲ့သလို လက်ရှိနိုင်ငံရေးအခြေအနေတွေကိုလည်း အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

1011922_411610732303027_1962831006

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013