DVB Logo
Home
မြန်မာသတင်း
မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရေး အရေးယူဆောင်ရွက်မှုများ စလုပ်ရန် အာဆီယံအမတ်များ တိုက်တွန်း
DVB
·
October 28, 2021
မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရေး အရေးယူဆောင်ရွက်မှုများ စလုပ်ရန် အာဆီယံအမတ်များ တိုက်တွန်း
Donate to DVB

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ကျဆုံးနိုင်ငံဖြစ်လာနိုင်ခြေအန္တရာယ်ရှိနေတဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ ခိုင်မာတဲ့အရေးယူဆောင်ရွက်ချက်တွေကို အစပျိုးထားဖို့ အာဆီယံပါလီမန်အမတ်တွေက အာဆီယံ  ကိုတိုက်တွန်းထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ သုံးရက်ကြာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆပ်စပ်ထိပ်သီးအစည်းအဝေးတွေ ကျင်းပနေချိန်မှာ လက်ရှိအာဆီယံအမတ်တွေနဲ့အရင် အာဆီယံ ကိုယ်စားလှယ်ဟောင်းတွေဆီက တောင်းဆိုမှုတွေ ပေါ်ထွက်လာတာပါ။ 

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက ပြောပြလို့တောင်မရတဲ့ အကြမ်းဖက်မှု၊ ရက်စက်မှုတွေနဲ့ လူပေါင်းသန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးလာခဲ့တာ တနှစ်လောက်တောင် ရှိနေပြီလို့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကို မြှင့်တင်ဖို့ ကတိပြုထားတဲ့ ဒေသဆိုင်ရာကွန်ရက်ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များ အဖွဲ့ (APHR) ရဲ့ဥက္ကဋ္ဌ ချားလ်ဆန်တီရာဂိုက ပြောကြားလိုက်ပါတယ်။

ဒီသီတင်းပတ်ရဲ့ အာဆီယံထိပ်သီးအစည်းအဝေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက နေ့တိုင်း ဒီလူသတ်စစ်အစိုးရကို လက်မခံဘဲ ကမ္ဘာကို သတ္တိရှိရှိ ပြသခဲ့တဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ ခိုင်မာတဲ့ ခြေလှမ်းတွေ ချမှတ်နိုင်မယ့် အခွင့်အရေး ဖြစ်ရပါမယ် လို့ သူက ပြောပါတယ်။ 

အခုအခါ ကျနော်တို့ရဲ့ ဒေသဆိုင်ရာခေါင်းဆောင်တွေဟာ သူတို့ရဲ့တုံ့ပြန်မှုကို ပိုမိုမြှင့်တင်ဖို့ ဒီမကြုံစဖူးအခွင့်အရေးကို အသုံးပြုရမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေးမှာ အမှန်တကယ် တိုးတက်အောင်မြင်စေရမယ်လို့လည်း ဆိုပါတယ်။

မြန်မာလွှတ်တော်အမတ်တွေ၊  တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ခံ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကိုယ်စားလှယ်တွေနဲ့ တရားဝင် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးဖို့လည်း အာဆီယံကို တောင်းဆိုထားပါတယ်။

အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းသွားတဲ့အထိ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ပြီး ပြည့်စုံတဲ့ ဒီမိုကရေစီရဖို့ ပြည်သူတွေရဲ့ ဆန္ဒတွေ ပြည့်ပြည့်ဝဝ ကြားသိရတဲ့အချိန်ထိ အာဆီယံအဖွဲ့ကြီးရဲ့တရားဝင်အစည်းအဝေးတွေကို စစ်အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာကို ရပ်ဆိုင်းထားဖို့လည်း အာဆီယံကို ဖိအားပေးထားပါတယ်။ 

အာဆီယံအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တွေလုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုအဆုံးသတ်ရေးနဲ့ စစ်အုပ်စုနဲ့အတိုက်အခံအုပ်စုတွေကြား တွေ့ဆုံဆွေးနွေးပွဲရေး လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တဦးခန့်အပ် တာဝန်ပေးပြီး ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် အာဆီယံ အထူးသံတမန်ဟာ သူ့ကိုတာဝန်ပေးထားတဲ့ လုပ်ငန်းတွေ ဘာတခုမှ စတင်နိုင်ခြင်းမရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013