DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြ
DVB
·
January 4, 2014
ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြ
Donate to DVB

၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်မှာ ပထမဆုံးအကြိမ် တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

ဇန်န၀ါရီ ၄ ရက် ဒီနေ့ မနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်မှာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ိနာသအမဆေန္ဒပြသူ ဦးကျော်မိုးဇော် ခေါ် ဦးသာချိုက ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး နဲ့ နေပြည်တော်ကောင်စီကို ရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးရေးစတဲ့ အချက် ၃ ချက် ရေးထားတဲ့ ဗီနိုင်းစာတမ်းကို ကိုင်ဆောင်ထားပါတယ်။

အခုလို ဆန္ဒဖော်ထုတ်ဖို့ တရားဝင် ခွင့်ပြုမိန့် လျှောက်ထားခဲ့ပေမယ့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးက ပယ်ချခဲ့တာကြောင့် အဆင့်ဆင့် ဆက်လက် အယူခံတင်ခဲ့ပါတယ်။

နောက်ဆုံး နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးက ပယ်ချလိုက်တာကြောင့် ခုလို ဆန္ဒဖော်ထုတ်တာလို့ ပြောပါတယ်။

တကိုယ်တော် ဆန္ဒပြသူ ဦးကျော်မိုးဇော်က “  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင် ပေးရမှာ ဖြစ်ပါတယ်။ သူက ဒီမိုကရေစီအရ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေ ဖြစ်လို့ပါ။ ပုဒ်မ ၁၈ ကလည်း ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတာက ပုဒ်မ ၃၅၄ မှာက ကျနော်တို့ကို လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိတယ်လို့ ပြောထားပြီးတော့ သူက အခု ပုဒ်မ ၁၈ က လိုက်ပြီး ပိတ်သိမ်းထားပါတယ်ဗျ။ အဲဒါကြောင့်ပါ” လို့ ဆိုပါတယ်။

ဦးကျော်မိုးဇော်က နေပြည်တော်က သမ္မတအိမ်တော်အထိ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပေမယ့် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးသန်းမြင့်က အခုလို တားမြစ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြေးရုပ် ရှေ့တည့်တည့်မှာ ရပ်ဆိုင်းလိုက်ပါတယ်။

ရဲမှူး သန်းမြင့်က “တိုင်းကလည်း ပြန်ချပြီးပြီ။ ဥပဒေအရ စီတန်းလှည့်လည်ခွင့် မပြုဖို့၊ ဒါမျိုး မလုပ်ဖို့ ခင်ဗျားကို ပြောပြီးပြီနော်။ သိပြီးပြီ ခင်ဗျားကိုယ်တိုင်လည်း လက်မှတ်ထိုးပြီးပြီ။ ဒီနေရာကနေ ခင်ဗျား ရပ်ပါ။ ကျနော်တို့ကတော့ တားတယ်နော်။ ဟုတ်ပြီလား။ တရားဝင်ပဲ တားပါတယ်။ ဆက်မလုပ်ဖို့ တားပါတယ်”လို့ ပြောပါတယ်။

အခုလို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြတဲ့အတွက် ဦးကျော်မိုးဇော် ခေါ် ဦးသာချိုကို အရေးယူ သွားမယ်လို့လည်း ပျဉ်းမနားမြို့နယ် စခန်းမှူးက ပြောပါတယ်။

ပျဉ်မနားမြို့နယ် ရဲတပ်ဖွဲ့မှာ ရဲမှူး သန်းမြင့်က “ခွင့်မပြုပါဘူး။ တိုင်းကလည်း ခွင့်မပြုပါဘူး။ အဲဒီအတွက် အခုလို ခွင့်မပြုပဲနဲ့ စီတန်းဆန္ဒပြတာမျိုး လမ်းလျှောက် ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ အရေးယူပါမယ်” လို့ ဆိုပါတယ်။

ဦးကျော်မိုးဇော်ဟာ  ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဖြစ်ပေမယ့် ဒီဆန္ဒ ဖော်ထုတ်ပွဲကိုတော့ အဖွဲ့ချုပ်အနေနဲ့ မဟုတ်ဘဲ မိမိ တဦးတည်းသဘောနဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013