DVB Logo
Home
မြန်မာသတင်း
မန္တလေး ကမ္ဘောဇဘဏ်ခွဲနှင့် ကမ္ဘောဇ ATM စက်များတွင် ဗုံးကွဲ
DVB
·
October 27, 2021
မန္တလေး ကမ္ဘောဇဘဏ်ခွဲနှင့် ကမ္ဘောဇ ATM စက်များတွင် ဗုံးကွဲ
Donate to DVB

မန္တလေးမြို့မှာ အောက်တိုဘာ ၂၇ ရက် ညပိုင်းက ကမ္ဘောဇဘဏ်ခွဲ ၂ ခု နဲ့ ကမ္ဘောဇဘဏ် ATM စက်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

၆၁ လမ်း၊ သိပ္ပံလမ်းရှိ ကမ္ဘောဇဘဏ်ရှေ့မှာ   ၆ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ရပ်ထားတဲ့ ရေဘောက်ဆာကားတစ်စီးလည်း မီးလောင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ၆၂ လမ်း ၊ ၁၁၁ လမ်း ဖူဂျီဈေးဝယ်စင်တာရှေ့က ကမ္ဘောဇဘဏ်ရဲ့  ATM စက် ၂  လုံး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

၃၈ လမ်း၊ ၈၄ လမ်း ရှိ ကမ္ဘောဇဘဏ်ရှေ့မှာလည်း ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးအနည်းငယ်ရှိခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိပါဘူး။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းတစ်ခုကို Ranger Of Mandalay အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာလည်း ဒီနေ့မနက်က  သိပ္ပံလမ်းပေါ်ရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန   (ကညန) ရုံးရှေ့မှာ ဗုံး ၂  လုံး ပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ် တဒါဇင်ကျော် မီးလောင်ပျက်စီးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013