DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးစဉ် ခုခံထွက်ပြေးပါက ပစ်သတ်ရန် တပ်မ ၂၂ ညွှန်ကြား
DVB
·
October 27, 2021
စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးစဉ် ခုခံထွက်ပြေးပါက ပစ်သတ်ရန် တပ်မ ၂၂ ညွှန်ကြား
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေကို သတင်းအရ ဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားသူ၊ ခုခံသူတွေကို အသေပစ်သတ်ဖမ်းဆီးဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ၂၂ က  ညွှန်ကြားထားတယ်လို့ အောက်တိုဘာ ၂၇ ရက် မနက်က  စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး လွတ်မြောက်နယ်မြေအသီးသီးမှာ တိမ်းရှောင်နေရာက နေအိမ်ကို ပြန်လည်ရောက်ရှိနေသူတွေကို သတင်းအရ ဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားသူ၊ ခုခံသူတွေကို အသေပစ်သတ်ဖမ်းဆီးဖို့ အပတ်စဉ်အစည်းအဝေးမှာ လက်အောက်ခံတပ်ဖွဲ့တွေကို ညွှန်ကြားလိုက်တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြပွဲအတွင်းပါဝင်သူတွေအနေနဲ့ ပြစ်မှုကျူးလွန်ထားခြင်းမရှိဘဲ စိုးရိမ်စိတ်လွန်ကဲပြီး ထွက်ပြေးတိမ်ရှောင်နေသူတွေကို အရေးယူခြင်းမပြုဘဲ ပြန်လည်လက်ခံကြိုဆိုသွားမယ်လို့ နိုင်ငံပိုင်မီဒီယာနဲ့ သတင်းစာတွေကနေ အသိပေးထုတ်ပြန်ထားပေမယ့် အောက်ခြေတာဝန်ရှိသူတွေရဲ့ အကြမ်းဖက်လုပ်ဆောင်ဖို့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာတာပါ။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူ မြို့ခံတစ်ဦးက "အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ ဘယ်သူမဆို ဖမ်းဆီးလို့ ထွက်ပြေးတာနဲ့ အသေပစ်သတ်ဖို့ ညွှန်ကြားထားတယ် သိရတယ်။ မြင်သမျှကို PDF ဆိုပြီ လိုက်လံဖမ်းဆီးတာတွေရှိတယ်။ စကစကို မယုံကြည်ဖို့ ပြောချင်တယ်" လို့ ပြောပါတယ်။

လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး  PDF အဖွဲ့ဝင်အဖြစ် စွပ်စွဲရိုက်နှက် ပစ်ခတ်သတ်ဖြတ်တာတွေ ရှိနေတဲ့အတွက် စစ်ကောင်စီကို မယုံကြည့်ဖို့ ပအိုဝ်း​ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွယ်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီရဲ့ လှည့်ကွက်ထဲ မဝင်မိဖို့ ပြောချင်တယ်။ နိုင်ငံတကာအလယ်မှာ လူသားချင်းစာနာထောက်ထားတဲ့ ပုံစံ စစ်ကောင်စီကမျက်နှာလုပ်တဲ့ ထုတ်ပြန်ကြေညာချက်ပဲဖြစ်တယ်။ ကျနော်တို့ ဆက်လက်ပြီးတော်လှန်နေဖို့ လိုတယ်။ အခုလျှောက်တဲ့ လမ်းက မှန်ကန်နေတဲ့ လမ်းဖြစ်လို့ သတ္တိရှိရှိ ယုံယုံကြည်ကြည်ရှိဖို့ လိုတယ်။ အရေးတော်ပုံ အောင်ကို အောင်ရမယ်။" 

ပီဒီအက်ဖ်လက်နက်ကိုင်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကို တန်ပြန်ခုခံဖို့ ကြိုတင်​ပြင်ဆင်တဲ့အနေနဲ့ မြိုတွင်း မြို့ပြင် လမ်းဆုံတွေမှာ စစ်ဆေးရေးဂိတ်မှန်သမျှ သဲအိတ်၊ သစ်တုံးတေနဲ့ အဟန့်အတားတွေ ပြုလုပ်ကာရံပြီး တာဝန်ထမ်းဆောင်ကြရန် စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့နဲ့ လက်အောက်ခံ ဌာနဆိုင်ရာ Non-CDM တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေအနီး တာဝန်မရှိဘဲ ချဉ်းကပ်လာသူတွေကို  PDF ယူဆရပါက ပစ်ခတ်ဖို့တစ်ပါတည်း ပစ်မိန့်ပေးထားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အောက်တို့ဘာ ဒုတိယပတ်က မြဝတီမြို့နယ်၊ ဝေါ့လေကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီရဲ့ တပ်က အတင်းအဓမ္မဖမ်းဆီးပြီး PDF စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၂၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013