DVB Logo
Home
မြန်မာသတင်း
ကန်ဒေါ်လာဈေး၊ ရွှေဈေး ဆက်လက်ကျဆင်း
DVB
·
October 27, 2021
ကန်ဒေါ်လာဈေး၊ ရွှေဈေး ဆက်လက်ကျဆင်း
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့အတူ တရိပ်ရပ်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး နဲ့ ရွှေဈေးနှုန်းတွေဟာ အခုရက်ပိုင်းမှာ ပြန်လည်ကျရိပ်ပြလာပါတယ်။

တစ်လအတွင်း ဒေါ်လာဈေး တစ်ဒေါ်လာကျပ် ၉၀၀နီးပါး ကျဆင်းခဲ့ပြီး၊ ရွှေဈေးက တစ်လအတွင်း ကျပ် ၅ သိန်းနီးပါး ပြန်ကျဆင်းလာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ မြန်မာကျပ်ငွေနဲ့ကန်ဒေါ်လာငွေလဲနှုန်း တစ်ဒေါ်လာကို ကျပ် ၃၀၀၀ နီးပါးထိ စံချိန်တင်ဈေးမြင့်တက်ခဲ့ပေမဲ့ အောက်တိုဘာ ၂၇ရက်နေ့မှာတော့ တစ်ဒေါ်လာကို ကျပ် ၁၈၃၀ထိ ပြန်ကျဆင်းလာပါတယ်။ 

အလားတူ ရွှေဈေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ် ၂၂၀၀၀၀၀ ထိ စံချိန်မြင့်တက်ခဲ့ရာကနေ အခုအခါမှာ ကျပ် ၁၇၁၀၀၀၀ ကို ပြန်ကျဆင်းခဲ့တာပါ။

စစ်ကောင်စီ ဗဟိုဘဏ်ကလည်း ဒေါ်လာစျေးကျဆင်းဖို့အတွက် စျေးကွက်အတွင်း ဒေါ်လာထုတ် ရောင်းချတာကို ပမာဏတိုးပြီး ခပ်စိပ်စိပ်လုပ်ဆောင်လာပါတယ်။ 

အခုလအတွင်းမှာပဲ  ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင် ထုတ်ရောင်းချထားပြီး အရင်လတွေထက် ၂ ဆလောက် ပိုများလာပါတယ်။

လက်ရှိမှာ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးနဲ့အတူ ပြည်တွင်းရွှေစျေး လိုက်ပါကျဆင်းနေပြီး၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တွေ အသင်းကလည်း စျေးကွက်ကလိုအပ်တဲ့ ရွှေကို ထုတ်ရောင်းချပေးနေတဲ့အတွက် ရွှေက အကျဘက်ကို သွားနေတာလို့ အသင်းတာဝန်ရှိသူက ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားထားပါတယ်။ 

ကမ္ဘာ့ရွှေစျေးကလည်း အခုအခါမှာ ကျရိပ်ပြနေပြီး ဒီကနေ့မှာတော့ ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ၁၇၈၉ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကတော့ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၉၉ ဒါ်လာထိရှိခဲ့ပါတယ်။

အဲလိုကျရိပ်ပြနေပေမဲ့လည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ရက်နေ့က ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိ ကန်ဒေါ်လာ ၁၇၃၉ ဒေါ်လာသာရှိခဲ့ပြီး ဒေါ်လာစျေးမြင့်တက်နေတာကြောင့် ပြည်တွင်းရွှေစျေးက တစ်ကျပ်သား ကို ကျပ် ၂၂ သိန်းဝန်းကျင်ထိ စံချိန်တင်အမြင့်ဆုံးစျေးကို ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013