DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အစိုးရက မဆိုင်သလို နေလို့မရဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
January 4, 2014
ဖွဲ့စည်းပုံပြင်ရေး အစိုးရက မဆိုင်သလို နေလို့မရဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးသလို လက်ရှိအစိုးရကလည်း မဆိုင်သလို နေလို့ မရဘဲ အားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်း ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

assk nld “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန် လည် ပြုပြင် ပြောင်းလဲရေးမှာ တပ်မတော်ရဲ့ ကဏ္ဍဟာ မပါသလိုလို၊ ပါသလိုလိုနဲ့ လုပ်နေလို့ မဖြစ်ပါဘူး။ ပါကို ပါပါတယ်။ အင်မတန်မှ အရေးပါပါတယ်။ လက်ရှိအစိုးရရဲ့ ကဏ္ဍကလည်း အရေးပါပါတယ်။ လက်ရှိအစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ မဆိုင်သလို နေလို့ မဖြစ်ပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။ ပြည်သူပြည်သား တယောက်ချင်းနဲ့ ဆိုင်တဲ့ကိစ္စမှာ အစိုးရနဲ့ မဆိုင်ဘူးဆိုတာ မဖြစ်ပါဘူး။”

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ တရားမျှတသလိုလို၊ မမျှတသလိုလို လုပ်နေလို့ မဖြစ်ဘူးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြောင်းလဲရေးမှာ ဒီဖွဲ့စည်းပုံဟာ တရားမျှတသလိုလို၊ မမျှတသလိုလို ကျမတို့ လုပ်နေလို့ မဖြစ်ပါဘူး။ တရားမျှတမှုမရှိဘူး၊ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီမှုမရှိဘူး၊ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် ကောင်းတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား လက်ခံရမှာဖြစ်ပါတယ်။”

 ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့ ရှိနေတဲ့ စိန်ခ်ါမှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားကြရမယ်လို့ ပြောကြားလိုက်ပါတယ်။

“အမျိုးသားရင်ကြားစေ့ရေးကို အခြေပြုပြီး ရှေ့ကို ဆက်လှမ်းသွားချင်တယ်လို့ ပြောတဲ့နေရာမှာ ပြောသင့်ပြောထိုက်တဲ့ ကိစ္စတွေကို ပြောရမယ်၊ ဆွေးနွေးသင့်တဲ့ ကိစ္စတွေကို ဆွေးနွေးရမယ်။ အမျိုးသားရင်ကြားစေ့ရေး တကယ်ဖြစ်ဖို့ဆိုရင် ရှိနေတဲ့ စိန်ခ်ါမှုတွေ၊ ပြဿနာတွေကို ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသား ကျမတို့ ရင်ဆိုင်ရမှာပါ။”

ပါတီရုံးချုပ်မှာ လုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယကအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့အပါအ၀င်  အန်အယ်လ်ဒီ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွေကို နိုင်ငံတ၀န်းလုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံ နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013